ဘုန်းကြီးဝတ် ကုသိုလ်ယူခဲ့တဲ့ အဆိုတော်မနော

0
550

အဆိုတော် မနောက သူရဲ့ မိတ်ဆွေရင်းချာတွေ သေဆုံးသွားကြတဲ့ အတွက် မိမိအတွက် အသေမဦးခင် သတိဦးအောင် ဘုန်းကြီးဝတ် ကုသိုလ် ယူခဲ့ပြီး သူပြုသမျှကုသိုလ်တွေ အားလုံးကို (၇)ရက်သားသမီးများ ရပါစေလို့ မနောရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာရေးသား ထားပါတယ်။

” အို နာ သေ ဘေးပြေးမလွတ် ဘယ်လိုပင်ချမ်းသာပါစေ မလွတ်နိုင် ဆင်းရဲလည်းမလွတ်ဘူးပေါ့ ။
မိတ်ဆွေ အရင်းချာတွေ သေဆုံးတာကြားသိရပြီး သံဝေဂ ရမိတယ် သူတို့ ဘာမှမပြင်ဆင်ခဲ့ရပဲ ရုတ်တရက် သေဆုံးခဲ့ရပြီ ။ကျနော်တို့တွေ လည်း ဘယ်နေ့ ဘယ်မှာ ဘယ်လိုသေကြရ မလဲဆိုတာ ကြိုတင် မသိနိုင်ကြဘူးပေါ့ဗျာ ။ဒါကြောင့် အသေမဦးခင် သတိ ဦးထား သင့်တယ်ပေါ့ ဘဝမှာ အောင်မြင်ဖို့ တိုးတက်ဖို့တွေပဲကြံစ နေလိုမဖြစ်ဘူး မိမိဘဝနောင်သံသရာ အတွက် ကြိုတင်ပြင်ဆင် ထားသင့်တယ် ။ငယ်သေးလို့ မပြင်ဆင်ထားလျှင် သေခါနီးမှ ကောင်းတဲ့ အတွေးတွေ ကုသိုလ်စိတ်တွေမွေးမြူဖို့ မဖြစ်နိုင်တော့ဘူးပေါ့ ငယ်တုန်း ရသလောက် ကုသိုလ်တွေများများ စုထားမှ သေခါနီးမှာကောင်းသော နိမိတ်တွေပေါ်လာမယ်ပေါ့ခင်ဗျာ ။ဒါကြောင့် ဒါန သီလ ဘာဝနာ အားလုံးဟာနိဗ္ဗာန်အထောက်အပံ့တွေဖြစ်လို မိမိပြုနိုင်သည့် ကုသိုလ်ကို နေ့စဉ်မပြတ်တမ်း ပြုနိုင်ကြပါစေလို့ ဆုခြွေတောင်းရင်း ကျွန်တော် မနော ပြုခဲ့သမျှ ကုသိုလ်အားလုံး တေးချစ်သူများ နှင့် (၇)ရက်သား သမီးများ ထပ်တူရပါစေခင်ဗျာ ” လို့ မနောက လူမှု ကွန်ယက် မှာ ရေးသားထားခဲ့ပါတယ်။

#Popularjournal
Photo -Gabar Soe San

 

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here