နေပြည်တော်တွင် ဆေးရုံတက်ရောက်နေသည့် ကိုဗစ်လူနာ နှစ်ထောင်ကျော်သာ ကျန်ရှိပြီး ရှစ်ထောင်ဝန်းကျင် ဆေးရုံဆင်းခွင့်ရရှိထား

0
190
နေပြည်တော် ဩဂုတ် ၁၃
ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားချိန်က စလို့နေပြည်တော် အတွင်းမှာ ကိုဗစ် ကူးစက်ခံရသူလူနာတစ်သောင်းကျော် အထိရှိခဲ့ပြီး ပြန်လည် သက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ရှစ်ထောင်ကျော်ရှိကာ လက်ရှိဆေးရုံများတွင် တက်ရောက်ကုသနေသူနှစ်ထောင် ကျော်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ မြို့နယ်ပေါင်း (၈)ခုရှိပြီး ကိုဗစ်ကူးစက်ခံရသူ လူနာများကို သက်ဆိုင်ရာ ကုသရေးစင်တာ ၊ကွာရန်တင်းစင်တာနဲ့စောင့်ကြည့် နေရာများတွင် ထားရှိပေးလျက်ရှိနေပါတယ်။
ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ ပျဉ်းမနား၊ဇဗ္မူသီရိနဲ့ လယ်ဝေးမြို့နယ် သုံးခုကိုလည်း နေအိမ်တွင်သာနေထိုင်ရေး stay at home အဖြစ် ကြေညာထားပါတယ်။
နေပြည်တော် အနေနဲ့ အစိုးရရုံးစိုက်ရာဒေသဖြစ်တာကြောင့် ကိုဗစ်ကူးစက်မှုကို ထိထိ‌ ရောက်ရောက် ဟန့်တားထိန်းချုပ်နိုင်ဖို့ နည်းလမ်း မျိုးစုံကိုအသုံးပြုနေတာဖြစ်ပြီး တခြား stay at home ကြေညာခံရတဲ့မြို့တွေက နေ နေပြည်တော်ကို လာရောက်ရင်လည်း မိမိအစီစဉ်နဲ့ ကွာရာတင်းဝင်ရောက်ရမယ်လို့သိရပါတယ်။
နေပြည်တော်အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ တစ်သောင်းကျော်အနက် လူသုံးရာနီးပါး သေဆုံး ခဲ့ပြီလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here