“မြန်မာနိုင်ငံအတွက် ကိုဗစ်၁၉ ကာကွယ်ဆေး ရရှိနိုင်မှုနှင့် ကာကွယ်ဆေး တင်သွင်းသူတွေ အတွက် စဉ်းစားရမည့်အချက်များ”

0
140

မြန်မာနိုင်ငံတွင်းဖြစ်ပွါးနေတဲ့ ကိုဗစ် ၁၉ ရောဂါဖြစ်ပွါးမှုနဲ့ ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကို တားဆီးရန်နဲ့ ကိုဗစ်၁၉ ရောဂါဖြစ်ပွါးမှုကြောင့် နိုင်ငံ့စီးပွါးရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်နဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေပါတယ်။

ကာကွယ်ဆေးထိုးနှံရာမှာလည်း ဦးစားပေးအုပ်စုလိုက်ထိုးနှံရမှာဖြစ်ပြီး အသက် ၁၈ နှစ်အောက်တွေ မပါဝင်ပါဘူး။ ဒီနှစ်ကုန်မှာ လူဦးရေ ရဲ့တဝက်ကို ကာကွယ်ဆေး လွှမ်းခြုံနိုင်ဖိုကြိုးစားနေတဲ့ နစက အတွက် ကာကွယ်ဆေး လုံလောက်မှု ရှိရဲ့လားဆိုတာကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ရှင်းပြထားပါတယ်။
လက်ရှိမှာ နစကက စီးပွါးရေးလုပ်ငန်းရှင်တွေကိုပါ ကာကွယ်ဆေး တင်သွင်းခွင့်ပြု လိုက်တာရယ် ၊ကျန်းမာရေး ဝန်ထမ်းတွေ မလုံလောက်တာကြောင့် ကြုံနေရတဲ့ အခက်အခဲကိုလည်း နားထောင်ကြည့်ကြရအောင်ပါ။
ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကူးစက် ခံရရင်တောင် ရောဂါခံစားနှုန်းလျော့ကျခြင်း၊ အများပြည်သူအကြား ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ခြင်း၊ ရောဂါကြောင့်နောက်ဆက်တွဲ ဆိုးကျိုးများခံစားရမှုကို လျှော့ချနိုင်ခြင်းနှင့် ရောဂါကြောင့်သေဆုံးမှုကိုလျှော့ချနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here