ကိုဗစ်၁၉ကာကွယ်ဆေးအတုများ တင်သွင်းဖြန့်ဖြူးပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မယ်

0
85
နေပြည်တော်၊ဩဂုတ်၁၃
ကာကွယ်ဆေးထိုးနှံရာမှာ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းစိတ်ချရတဲ့ ကာကွယ် ဆေးများဖြစ်စေဖို့လိုအပ်ပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီတွေက တရားဝင်ရောင်းချထားတဲ့ အအေးလမ်းကြောင်းမပျက် ထားသိုသိမ်း ဆည်း ထားသည့် ကာကွယ်ဆေး များဖြစ်ဖို့ လည်း အရေးကြီးလိုအပ်လှပါတယ်။
ယခုအခါ စျေးကွက်ထဲမှာ online ကတဆင့်၊ အခြားနည်းလမ်းများနဲ့ ကာကွယ်ဆေးအတုအပတွေကို ရောင်းချလျက်ရှိပြီး အဆိုပါ ကာကွယ်ဆေးတွေဟာ တရားဝင်တင်သွင်းလာတဲ့ ကာကွယ်ဆေးတွေ မဟုတ်တာကြောင့် ရောဂါကာကွယ်နိုင်ခြင်း မရှိပါဘူးလို့ ကျန်းမာရေး ပညာရှင်အချို့က မှတ်ချက်ပြုကြပါတယ်။
ဆေးအတုတွေဟာ ဘေးအန္တရာယ်ဖြစ်ပွါးနိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံကြဖိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိးဆော်ထားတာရှိပါတယ်။
ကာကွယ်ဆေးအတုအပတွေကို တင်သွင်းရောင်းချခြင်း(သိုမဟုတ်) ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ “ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများတင်သွင်းဖြန့်ဖြူးရာတွင် လိုက်နာရမည့်အချက်များ” ကို လိုက်နာခြင်းမရှိဘဲတင်သွင်းဖြန့်ဖြူးပါက တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO မှ အသိအမှတ်ပြုထားသော အရည်အသွေးကောင်းမွန်၍ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေး များကို ဝယ်ယူကာ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here