ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ပမာဏများစွာသိုလှောင်အမြတ်တင်ရောင်းချသည့် ဆေးဂိုဒေါင် အချို့ အရေးယူခံရ

0
62
ဈေးကစားဖို့၊ အမြတ်ကြီးစားရောင်းချဖို့ စတဲ့ မမှန် စိတ်ထား လုပ်ရပ်တွေနဲ့ ပမာဏများစွာ သိုလှောင်ထားတဲ့ ဆေးဂိုဒေါင်အချို့ ရန်ကုန်မှာ ရှိနေတာကြောင့် အဲ့ဒီလိုဆောင်ရွက်တဲ့သူတွေ လက်ရှိမှာ ထိန်းသိမ်းစစ်ဆေးမေးမြန်းခံနေရတယ်လို့ သိရပါတယ်။
တိုင်းအစိုးရ၊စည်ပင်၊စစစ၊ကျန်းမာရေးစတဲ့ အဖွဲစုံနဲ့ ရန်ကုန်တိုင်းအတွင်းက ဆေးဂိုဒေါင်တွေကို လိုက်လံစစ်ဆေးနေတာမှာ သြဂုတ်လ ၁၁ရက်နေ့က ဂိုဒေါင်၂၄လုံး စစ်ဆေးခဲ့ပြီး အဲ့ဒီထဲက ဆေးဂိုဒေါင်(၉ )ခုဟာ ဈေးနှုန်းမြှင့်တက်ဖို့ ရည်ရွယ်ချက်နဲ့ ထိန်းချုပ်ရောင်းချ နေတာ၊တရားဝင်လမ်းကြောင်းနဲ့ တင်သွင်းလာမှု အထောက်အထားတွေ မပြနိုင်တာ၊သိုလှောင်ထားတဲ့ ပမာဏကများပြားနေတာ ၊ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာတွေစစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် ဥပဒေနဲ့ အညီအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။
ဒီလို စစ်ဆေးနေချိန်မှာ ဈေးကွက်ထဲ ဆေးဈေးနှုန်းတွေ အနည်းငယ် ပြန်ကျလာတာတွေ့ရတယ် လို့လည်း တာဝန်ရှိသူတွေ ကပြောပြကြ ပါတယ်။ အဖွဲ့စုံက သြဂုတ်လ ၁၂ရက် ကလည်း ဆေးဂိုဒေါင်၁၉ လုံးကို စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
ဆေးဝါးလောကက ချိတ်ပိတ်ခံရတဲ့ ဆေးဂိုဒေါင်အချို့နဲ့ ပတ်သက်ပြီး ဆေးဝါးဈေးနှုန်းတွေ အလွန်အမင်းမြင့်တက်လာမှုနဲ့ ဆေးဝါးတွေကို တရားမဝင်သိုလှောင်ပြီးဈေးကစားမှုများလုပ်ကိုင်နေတာတွေကို စုံစမ်းအရေးယူရမယ်လို့ မှတ်ချက်ပြုနေကြပါတယ်။
ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးက ကိုဗစ်ကာလ အတွင်း ကိုယ်နိုင်ငံသားအချင်းချင်း စာနာစိတ် နဲ့ ဈေးကစားတာတွေ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
ဈေးကစားသူတွေ အမြတ်ကြီးစားသူတွေကြောင့် အခြေခံပြည်သူတွေဟာ ကျပ်တည်းနေတဲ့ကြားထဲကနေ ဆေးဖိုးအတွက် ပိုရုန်းကန်ကြ ရပါတယ်။အလုအယက်နဲ့ အချိန်အကြာကြီး တန်းစီဝယ်ယူကြရပါတယ်။ ဆေးတွေ ဈေးတက်သွားတာတွေနဲ့ ပတ်သက်ပြီး မျက်ရည်စာ မစားချင်ကြပါနဲ့ဆိုတဲ့ ပြည်သူတွေရဲ့ မှတ်ချက်ပြုသံတွေလည်း ကျယ်ကျယ်လောင်လောင်ရှိနေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here