မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ညီလာခံအားယာယီရွှေ့ဆိုင်း

0
107

ရန်ကုန်၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံတစ်ဝန်း လက်တစ်လော ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအရ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းညီလာခံက်ု ယာယီရွှေ့ ဆိုင်းကြောင်းနှင့် ကျင်းပနိုင်မည့်နေ့ရက် ကို လက်ရှိဗဟိုကော်မတီဝင် များနှင့် အလုပ်အမှုဆောင်အဖွဲ့မှ အခြေအနေပေးသည့်အခါတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

“(၃)နှစ်တစ်ကြိမ် အသင်းညီလာခံကို ပုံမှန် မပြုလုပ်နိုင်သောအခါ လက်ရှိဗဟိုဦးစီးအဖွဲနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အသင်း လုပ်ငန်း အဝဝကို ဆက်လက်တာဝန်ယူရမည်” ဟူသော ဖွဲစည်းပုံအခြေခံပြဌာန်းချက်ပါအတိုင်း စတုတ္ထအကြိမ် ညီလာခံ မကျင်းပနိုင်မီ အချိန်ထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကော်မတီဝင်များ၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့၏မူလတာဝန်များကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားရန် ထုတ်ပြန်ကြေညာ ထားသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းကိုနိုင်ငံတစ်ဝန်းရှိ သတင်းစာဆရာဦးရေ (၁၀၀၀)ကျော်ပါဝင်လျက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၁ရက်နေ့မှ စတင် ဖွဲစည်းခဲ့ပြီး ဖွဲစည်းပုံ အခြေခံစည်းမျဉ်း အခန်း(၁၇) အပိုဒ် ၈၁တွင် “ညီလာခံကို (၃)နှစ် တစ်ကြိမ်ကျင်းပရမည်။ (၃)နှစ် တစ်ကြိမ်ကျင်းပသည့် အသင်း၏ ညီလာခံကို လိုအပ်ပါက ပုံမှန်ကျင်းပရက်မတိုင်မီ ရက်ပေါင်း ၆၀ စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကျင်းပနိုင်သည်” ဟု ပြဌာန်းပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here