ဆမ်ဆောင်းအီလက်ထရွန်းနစ်ကုမ္ပဏီ အကြီးအကဲ လီဂျေးယွန် လွတ်ငြိမ်းခွင့်ရရှိ

0
182
ဆိုးလ်၊ သြဂုတ် ၁၄
ထောင်ဒဏ်ကျခံနေရသော ဆမ်ဆောင်း အီလက်ထရွန်းနစ်ကုမ္ပဏီ အကြီးအကဲ လီဂျေးယွန်(Lee Jae-yong)အား တောင်ကိုရီးယား အစိုးရမှ ယမန်နေ့ သြဂုတ် ၁၃ ရက်က ထောင်မှ လွှတ်ပေးလိုက်ပြီဖြစ်သည်။
အသက် ၅၃ နှစ်အရွယ်ရှိ လီဂျေးယွန်သည် တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးနှင့်အမှုတွဲ၍ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် လ ၃၀ အပြစ်ဒဏ်ကျခံနေရရာမှ ၁၈ လအကြာတွင် ယခုကဲ့သို့ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဆိုးလ်မြို့အကျဉ်းထောင်မှ လွတ်မြောက်သည်နှင့် လီဂျေးယွန်က သူပြုလုပ်မိခဲ့သည်တို့အတွက် ပြည်သူကို တောင်းပန်ခဲ့သည်။
ဆမ်ဆောင်း အီလက်ထရွန်းနစ်ကုမ္ပဏီအား လီဂျေးယွန်၏ အဖိုးဖြစ်သူက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ လီသည် ကုမ္ပဏီအကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
လီဂျေးယွန်သည် ကမ႓ာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် အမှတ်စဉ် ၂၀၂ ချိတ်သူဖြစ်ပြီး၊ ကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလျံခန့် ကြွယ်ဝကြောင်း Forbes မဂ္ဂဇင်းကြီးကဆိုသည်။
Ref: Disgraced Samsung boss released early from South Korean prison
Photo: AP


LEAVE A REPLY

Please enter your comment!
Please enter your name here