နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု UECက နိုင်ငံရေးပါတီ အားလုံးထံ အကြောင်းကြားစာပေးပို့

0
155
နိုင်ငံရေးပါတီများရဲ့ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းတွေကို မကြာမီ စစ်ဆေးသွားမယ်လို့ UECက နိုင်ငံရေးပါတီအားလုံး ထံအကြောင်းကြားစာပေးပို့လိုက်တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၂ ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပြီး စစ်ဆေးမယ့်ထဲ ပါတီပိုင်စီးပွါးရေး လုပ်ငန်းတွေကနေ တရားဝင်ရရှိတဲ့ငွေ နဲ့အမြတ်အစွန်း ရရှိမှုမှတ်တမ်းတွေကိစ္ ၊ပါတီဝင်ကြေးနဲ့ ပါတီလစဉ်ကြေးစာရင်း၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းကဖြစ်စေ၊ အဖွဲအစည်း အလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင်ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ တရားဝင်ရရှိထားတဲ့ ငွေကြေးပစ္စည်းတွေထဲက ပါတီသို့ လှူဒါန်းထည့်ဝင်တဲ့ ငွေကြေးနဲ့ပစ္စည်းစာရင်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပါတီပိုင်ရန်ပုံငွေ၊ ပါတီရဲ့ရငွေ သုံးငွေစာရင်း၊ ပါတီပိုင်စာရင်း၊ ပါတီက ဝယ်ယူရရှိထားတဲ့ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေး အတွက် ပါတီစည်းမျဉ်းနဲ့အညီ ကျခံသုံးစွဲတဲ့အသုံးစရိတ်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ပါတီရန်ပုံငွေကနေ ကျခံသုံးစွဲတဲ့ ရွေးကောက်ပွဲ အသုံးစရိတ်စာရင်း စတာတွေလည်း စစ်မယ်လို့ UECက နိုင်ငံရေးပါတီအားလုံးထံပေးပိုတဲ့ အကြောင်းကြား စာအရသိရပါတယ်။
စစ်ဆေးမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်အဖွဲခွဲအဆင့်ဆင့်တို့က သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူပြီး ဆောင်ရွက်မယ်လို့လည်း UECက နိုင်ငံရေးပါတီအားလုံးကိုပြောဆိုထားပါတယ်။
နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၅၊ ၁၆ နဲ့ နည်းဥပဒေ ၁၉၊ ၂၁ တိုအရပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနဲ့စပ်လျဉ်းပြီး စနစ်တကျပြုစု၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက် အထားများ ထားရှိဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်း UECကပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here