အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ပေးပို့လှူဒါန်း

0
76

အိန္ဒိယနိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ပေးပိုလှူဒါန်း လိုက်တယ်လို့သိရပါတယ်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ အစိုးရကနေ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာအသုံးပြု နိုင်ဖို့ အတွက် လှူဒါန်း လိုက်တဲ့ အခုပစ္စည်းတွေဟာ ပထမအသုတ် အဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အခုရောက်ရှိလာတာတွေ ကတော့ Oxygen Concentrator (၅၁) လုံး၊ Pulse Oximeter (၉၀၀) ခု၊ Patient Monitor (၁၀) ခု၊ Surgical Mask (၃၀၀,၀၀၀) ခု၊ Nasal Oxygen Cannula (၂၅,၀၀၀) ခု၊ Rapid Antigen Test Kit (၁၈,၀၀၀) ခု၊ Body Bag (၃၈၅) ခုနဲ့ PPE Coverall (၁၇၆၀) ခုစတဲ့ ပစ္စည်း (၈) မျိုးလို့သံရုံးဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီပစ္စည်းတွေဟာ တန်ချိန် ၅ တန်ကျော်ရှိပြီး ဩဂုတ်၁၅ရက်ကရောက်ရှိလာတာပါ။

လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနဲ့ တာဝန်ရှိသူတွေလက်ခံ ရယူခဲ့တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here