လာမည့်ရက်ပိုင်းအတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ဖွယ်ရှိ

0
152

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့သြဂုတ်လ ၁၇ရက်နေ့ နေ့လည် ၁နာရီတိုင်းထွာချက်တွေ အရ သံလွင်မြစ်ရေဟာ လာမည့် ၂ရက်အတွင်းမှာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိရန် ၁ပေခွဲခန့် လိုအပ်နေသေးပေမယ့်လည်း လာမည့် ၂ရက်မှာတော့ စိုးရိမ်ရေ အမှတ်ကို ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းက ဆိုရင်လည်း သောင်ရင်းမြစ်၊ ရွှေကျင်မြစ် စတဲ့မြစ်တွေဟာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိကျော်လွန်ခဲ့ကြတဲ့ အတွက် မြစ်ကမ်းအနီးနေထိုင်သူတွေအနေနဲ့ ရေဘေးဒုက္ခတွေကို ခံစားခဲ့ကြရပါတယ်။

ဒါကြောင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဘားအံမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင် သူတွေ ကို အထူးသတိပြုနေထိုင်ကြဖို့ သတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here