သားဖြစ်သူ ရေမွန်ရဲ့မွေးနေ့ဆုတောင်းလေးကို လွမ်းနေတဲ့ ခင်မြတ်မွန်

0
136

 

အဆိုတော်ရေမွန် ရဲ့မိခင် ဒေါ်ခင်မြတ်မွန်ရဲ့မွေးနေ့ဟာ ဩဂုတ်လ ၁၈ရက်နေ့မှာ ကျရောက်တာဖြစ်ပြီး အရင်ကဆို ဩဂုတ် ၁၇ရက် ည၁၂နာရီကျော်လာတာနဲ့ သားဖြစ်သူဆီက ဖုန်းအဝင်လေးနဲ့ အမြဲတမ်း မွေးနေ့ဆုတောင်းပေးလေ့ရှိပြီး ဒီနှစ်ကျရောက်တဲ့မွေးနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သားဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေးကို လွမ်းနေရကြောင်းကို စိတ်မကောင်းစွာနဲ့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

 

“ နှစ်စဉ်နှစ်တိုင်း. .
August 17 ည (12:00)ကျော်ပြီး
August 18 ဝင်တာနဲ့
Ph: call လေးတစ်ခုဝင်လာနေကျ
ကိုယ်ကလည်း သူ့ဖုံးလေးကို
မျှော်နေကျ
Happy Birthday Mommy ဆိုတဲ့
Birthday Wish Song လေးနဲ့
အမေ့ကို
ဦးဦးဖျားဖျားနှုတ်ဆက်နေကျ
ဒီနှစ်(2021)ကစပြီး
အဲ့ဒီအသံလေး မကြားရတော့ဘူး
လွမ်းတယ် တွတ်ပီရေ
ရင်တွေအစိတ်စိတ်အမွှာမွှာကွဲကြေ
နေရပြီ. . .”ဆိုပြီး ခင်မြတ်မွန်ကရေးသားထားပါတယ်။

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here