အာဖဂန်နစ္စတန်နိုင်ငံ ပက်တိကာခရိုင်၏ မြို့တော်ကို သိမ်းပိုက်ရရှိကြောင်း တာလီဘန်တို့ကြေညာ

0
103
ကဘူးလ်၊ သြဂုတ် ၁၄
အာဖဂန်နစ္စတန်နိုင်ငံ ပက်တိကာ(Paktika)ခရိုင်၏ မြို့တော်ဖြစ်သည့် ရှာရန်(Sharan)မြို့ကို မိမိတို့ သိမ်းပိုက်ရရှိပြီဟု တာလီဘန်တို့က ယနေ့ စနေနေ့တွင် ကြေညာကြောင်း ဒေသခံမီဒီယာများကရေးသားဖော်ပြကြသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်ကမူ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးကိုရှေးရှုသောအားဖြင့် စားပွဲဝိုင်းတွင်ဆွေးနွေးဖြေရှင်းရန် တာလီဘန်တို့ကို သောကြာနေ့က တောင်းဆိုခဲ့ကြောင်းသိရသည်။
Ref: Taliban say capital of Afghanistan’s Paktika province seized

 


LEAVE A REPLY

Please enter your comment!
Please enter your name here