နေပြည်တော်ကို လျှပ်စစ် ဘတ်စ်ကား ၊မြို့ပါတ်ရထား ၊မြေအောက်ရထားလမ်းများဖြင့် ဖွံဖြိုးအောင်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို နစကခေါင်းဆောင်တိုက်တွန်း

0
93

နေပြည်တော်ကို လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းတွေ၊ မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေ နဲ့ ဖွံဖြိုးတိုး တက်အောင် ဆောင်ရွက်ရမယ်လို့ နစကခေါင်းဆောင်က တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာရဲ့ ဖော်ပြရေးသားလျက်တွေ အရသိရပါတယ်။

သြဂုတ်လ ၁၇ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နေပြည်တော်မြို့တော်ဖွံဖြိုးတိုးတက်ရေးအစည်းအဝေးမှာ အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ကို စံပြ အဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ဖွံဖြိုး တိုးတက်ရေး ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောဆိုခဲ့ပြီး နေပြည်တော်အတွင်း လျှပ်စစ်ဘတ်စ်ကား နဲ့ လျှပ်စစ်ကားများ ပြေး ဆွဲနိုင်ရေးဆောင်ရွက်ကာ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အသုံးပြုနိုင်တဲ့အထိ ထည့်သွင်းစဉ်းစားဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်ဟာ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်လို့ အခုဆိုရင် ၁၅ နှစ်နဲ့ ၆ လရှိသွားပြီဖြစ်ပါတယ်။

နစကဥက္ကဌက နေပြည်တော်ကောင်စီနယ်မြေကို လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ဖို့ ရည်ရွယ် တည်ဆောက်ထား တာဖြစ်တယ် လို့လည်းပြောဆိုပါတယ်။

နောက်ပြီး နေပြည်တော်ဘူတာကြီးကို တစ်နိုင်ငံ လုံးရဲ့ ဗဟိုချက်ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လေကြောင်းပိုဆောင်ရေး စနစ်များကိုလည်း နေပြည်တော်ကို ဗဟိုပြု ဆောင်ရွက်နိုင်ရမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here