“ဝ”က အုပ်ချုပ်ခွင့်ရမြို့နယ်အချို့ကို LockDown ချပြီး ကိုဗစ် စစ်ဖို့ စီစဉ်

0
132

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတာဝန်ရှိသူတွေက ပန်ခမ်းမြို့ကို LockDown ချမှတ်ပြီး တစ်မြို့လုံးက ပြည်သူတွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးသွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကြိုတင် ကာကွယ်ဖို့ အတွက် ခုလို လုပ်ဆောင်တာလို့ သိရပြီး LockDown ချမယ့် ကာလက ၅ရက်ကြာမယ်လို့ “ဝ”ဒေသ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

၅ ရက်ကြာ LockDown အတွင်း တစ်မြို့လုံးက လူများအကုန် အာခေါင်တို့ ဖတ်ယူစစ်ဆေးရာမှာ ပန်ခမ်းမြို့နယ်အတွင်းနေထိုင်သူ၊ ယာယီနေထိုင်သူ၊ ပြင်ပကဝင်ရောက်လာသူ အားလုံးကို စစ်ဆေးမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

မပူးပေါင်း၊ အစစ်ဆေးမခံတဲ့သူတွေကို အရေးယူမယ်လို့လည်း “ဝ”တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

“ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ အခုလိုပဲ တစ်မြို့လုံးကို Lock Down ချပြီး ကိုဗစ် ရှိ၊မရှိစစ်ဆေးတာမျိုးတွေ လုပ်ခဲ့ဖူးတာရှိပါတယ်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြင်ပဆက်ဆံရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးညီရမ်းက“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းထဲက ပြည်သူအများစု ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီလို့ ပြောဆိုထားတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here