ရန်ကုန်မြို့က ဈေးကြီးတွေနဲ့ ယာဉ်ရပ်နားဝင်းတွေကို ပိုးသတ်ဆေးဖြန်း

0
59

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်မြို့က ဈေးကြီးတွေနဲ့ ယာဉ်ရပ်နားဝင်းတွေကို ဒီကနေ့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

လူနဲ့ ကုန်တင်ယာဉ်တွေ ဝင်ထွက်မှု များတဲ့ ဈေးကြီးတွေနဲ့ ယာဉ်ရပ်နားဝင်းတွေကို ပိုးသတ်ဆေးဖြန်းတာဖြစ်ပြီး ယာဉ် ၁၀စီး နဲ့ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ပိုးသတ်ဆေးဖြန်းတဲ့ ဈေးတွေကတော့ တညင်းကုန်း ကုန်စိမ်း လက်ကားဈေး၊ ဗဟိုစံပြငါးဈေး၊ လှိုင်မြိုနယ် ရွှေပိတောက်ငါးဈေး တို့ဖြစ်ပြီး ယာဉ်ရပ်နားဝင်းတွေကတော့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း တိုဖြစ်တယ် လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here