ဥရောပသမဂ္ဂက မြန်မာ့ပြည်သူတွေကို ယူရို ၃ဒသမ၅သန်း ထောက်ပံ့မည်ဟုကြေညာ

0
133

ဥရောပသမဂ္ဂက မြန်မာပြည်သူတွေကို ယူရို၃ဒသမ၅သန်း ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ဒီကနေ့ကြေညာ ပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်၊ပျံ့ပွါးမှု ပြန်လည်မြင့်တက်လာတာနဲ့ အမျှ ထိခိုက်နစ်နာလွယ်သူတွေကို အကူညီ ပေးဖို့ Team Europe က ယူရို ၃.၅ သန်း ကိုထောက်ပံ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ရှင်းပြထားပါတယ်။

ထောက်ပံ့ငွေတွေကို ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း၊ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) ၊ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပေးအပ်သွားမှာလို့လည်း ဥရောပသမဂ္ဂ ကပြောဆို ထားပါတယ်။

ထောက်ပံ့ငွေထဲက ယူရို ၂ သန်းဟာ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ တစ်ကိုယ်ရည်ကာကွယ်ရေး ဝတ်စုံများ (PPE)၊ အောက်ဆီဂျင်နဲ့ အခြား ဆက်စပ်ပစ္စည်းများ ဝယ်ယူကာ ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပြီး ကျန်ရှိတဲ့ ယူရို ၁ သန်းကိုတော့ EU Nexus Response Mechanism မှတစ်ဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ထောက်ပံ့သွားမယ့်နေရာတွေ က ရန်ကုန်နဲ့ အခြားတိုင်းရင်းသားဒေသများက ရွေ့လျားကုသရေးအဖွဲ့တွေ၊ ကုသရေးဆိုင်ရာ စင်တာတွေဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here