၆လအတွင်း စက်သုံးဆီဈေး ယခင်ထက် ၁လီတာ ၄၀၀ကျော် ဝန်းကျင် မြင့်တက်သွားခဲ့

0
93

သြဂုတ်လ အတွင်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးတွေဟာ အရင် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ နှိင်းယှဉ်ရင် တက်လာနေတယ်လို့ ဝယ်ယူသူတွေ ကပြောကြပါတယ်။

သြဂုတ်လ ၁၈ရက် ဒီဇယ် ၁လီတာ ၁၀၃၂ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၀၄၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၁၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၈၅ ကျပ် အသီးသီးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်က ဆိုရင် ဒီဇယ် ၁လီတာ ၁၀၀၀ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၀၅ တစ်လီတာ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၅၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၀၃၅ ကျပ်ပဲရှိခဲ့တာပါ။

အခုဖြစ်ပေါ်နေတဲ့ ဈေးတွေကို ပြီးခဲ့တဲ့ ၆လတာကာလက နဲ့ နှိင်းယှဉ်ရင် တစ်လီတာကို ငွေကျပ် ၄၀၀ကျော် ဝန်းကျင် တက်လာတယ်လို့ ဝယ်ယူသူတွေကပြောကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်က ရန်ကုန်မှာ ဒီဇယ် ၁လီတာ၆၈၅ ကျပ်၊ ပရီမီယံဒီဇယ် ၆၉၅ တစ်လီတာ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၄၅ ကျပ် ပဲရှိပါတယ်။

မြန်မာနိုင်ငံဟာ စက်သုံးဆီကို ပြည်ပကနေ တင်သွင်းရတာတဲ့ နိုင်ငံဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်လာတာ နဲ့အမျှ စက်သုံးဆီဈေးတွေ ဟာလည်း မြင့်တက်သွားတာပဲလို့ စက်သုံးဆီရောင်းဝယ်သူအချို့ကမှတ်ချက်ပြုပါတယ်။

ပြည်တွင်းမှာလည်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းဟာ အမြင့်ဆုံးဖြစ်လာနေပြီး ၁ဒေါ်လာကို ၁၈၀၀ကျပ်နီးပါးအထိ ရှိလာနေပါတယ်။

စက်သုံးဆီဈေးတွေ မြင့်တက်တာနဲ့ အမျှ အထွေထွေကုန်ဈေးနှုန်းတွေ တက်လာမှာကို စိုးရိမ်နေကြတာတွေရှိနေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here