လာအိုနိုင်ငံမှ (၇)ကြိမ်မြောက် မြန်မာရွှေပြောင်း အလုပ်သမားများ (၃၄၈)ဦးအား ယနေ့ လွှဲပြောင်းလာ

0
163

တာချီလိတ်၊ဩဂုတ်၁၉

လာအိုနိုင်ငံမှ (၇)ကြိမ်မြောက် မြန်မာရွှေပြောင်း အလုပ်သမားများ (၃၄၈)ဦးအား ယနေ့လွှဲပြောင်းလာ၍ မြန်မာဘက်က လက်ခံဆောင် ရွက်ပေးခဲ့ကြောင်း တာချီလိတ်ခရိုင် ထွေ/အုပ်ရုံးကပြောသည်။

လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး ယခုအခါ နေရပ်သို့ ပြန်လိုသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကျား (၂၁၈)၊ မ(၁၃၀)၊ ပေါင်း (၃၄၈)ဦးတို့အား လာအိုနိုင်ငံ တာဝန်ရှိသူများမှ လာအိုနိုင်ငံ မိုင်းမော့ ဆိပ်ကမ်းမှ တစ်ဆင့် တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းသို့ လွှဲပြောင်းလာခြင်းဖြစ်သည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျား(၇)ဦးနှင့် မ(၁၀)ဦး၊ပေါင်း(၁၇)တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတိုအား ဝမ်လုံး Positive Centerသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက် ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ မရှိသူများထဲမှ ရှမ်း(ရှေ့)နေ ကျား(၅)ဦး၊ မ(၁)ဦး ၊ပေါင်း(၆)ဦးနှင့် Positive လူနာမိသားစုဝင် ကျား(၁)တို့အား ဝမ်လုံး Quarantine Centerတွင် ထားရှိဆောင်ရွက်ထားပြီး ကျန် ကျား(၂၀၅)ဦး၊ မ(၁၁၉)ဦး၊ ပေါင်း(၃၂၄)ဦး တို့အား ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စေလွှတ်ခဲ့သည်ဟု တာချီလိတ်ခရိုင် ထွေ/အုပ်ရုံးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here