လာမည့်ရက်ပိုင်း အတွင်း မြန်မာနိုင်ငံရှိမြစ်အချို့ စိုးရိမ်ရေမှတ် သို့ရောက်လာနိုင်ဖွယ်ရှိ

0
130


ဒီကနေ့ သြဂုတ်လ ၁၉ရက်နေ့ အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ တိုင်းထွာချက် များအရ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတို့ဟာ လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ယခုအချိန်မှာတော့ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့မှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိရန် ၂ပေခွဲခန့် ကွာဟနေပေမယ့် လာမည့် ၂ရက်မှာတော့ စိုးရိမ်ရေ အမှတ်ကိုရောက်ရှိလာနိုင်ပြီး ချင်းတွင်းမြစ်ရေဟာ ဆိုရင်လည်း ဖောင်းပြမြို့မှာ စိုးရိမ်ရေမှတ်အောက် ၄ပေ ခွဲခန့်ရောက်ရှိနေပေမယ့် နောက်၃ရက် အတွင်းမှာတော့ စိုးရိမ်ရေမှတ် ကိုရောက်ရှိ လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ရက်နေ့က ဆိုရင်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သံလွင်မြစ်ရေ အခြေအနေနဲ့ ပတ်သက်ပြီး သတိပေးချက် တစ်ရပ် ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့် မိုးလေဝသနှင့် ဇလဗေဒအနေညွှန်ကြားမှု ဦးစီးဌာနက မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို အထူးသတိပြုနေထိုင်ကြဖို့ သတိပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here