ရန်ကုန်တွင် ဆေးဝါးများ လက်လီ/လက္ကား ရောင်းချသည့် အစီအစဉ်ကို နေရာ ထပ်တိုးဆောင်ရွက်မည်

0
285

ရန်ကုန်၊ဩဂုတ်၂၀

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပြုလုပ်သည့်ရန်ကုန်တွင် ဆေးဝါးများ လက်လီ/လက္ကား ရောင်းချ သည့် အစီအစဉ်ကို နေရာထပ်တိုးဆောင်ရွက်မည်ဟု အသင်းကပြောသည်။

(၁၆၊ ၈၊ ၂၀၂၁) ရက်နေ့မှစတင်ပြီး တစ်ပတ်(၅)ရက် (တနင်္လာ မှ သောကြာ) နေ့များတွင် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ ပြသရောင်းချပေးလျှက် ရှိသည့် အရောင်းပြခန်း(၁) အမှတ်-၁၀၄/၁၀၈ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ (ကွင်းကျောင်းမီးပွိင့်အနီး) အလုံမြို့နယ်၊ ရန်ကုန်မြို့အားဆက်လက် ဖွင့်လှစ်ရောင်းချပေးမည့် အပြင်ပန်းဘဲတန်းမြိုနယ် ၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ် လမ်းထောင့်ရှိ “ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာန” ရန်ကုန်တွင် အသစ်ဖွင့်လှစ်မည့် အရောင်းပြခန်း(၂)အား ဩဂုတ်လ (၂၃) ရက်နေ့မှစပြီး ဖွင့်လှစ်ပြသ ရောင်းချပေးသွားမည် ဟုမြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းကပြောသည်။

ဆေးနှင့်ဆေးပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများမှ Covid-19 ရောဂါ ကာကွယ်၊ ကုသရေး ဆိုင်ရာ ဆေးဝါးနှင့်ဆေး ပစ္စည်းများအား အများပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန်အတွက် ထိုသို့ရောင်းချပေးခြင်းဖြစ်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here