အခြေခံအဆင့် ခွဲစိတ်ထားတဲ့ သစ်ခွဲသားတွေ ပြည်ပတင်ပို့ခွင့် ၂၀၂၃ကစပိတ်မယ်လို့ သစ်တင်ပို့သူတွေကို နစက သယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ပြောဆိုလိုက်တယ်လို့သိရပါတယ်။
ခုရက်ထဲ ကျင်းပပြုလုပ်တဲ့ သစ် အခြေခံစက်မှု လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ သယံဇာတ ဒုဝန်ကြီး က ပြောဆိုလိုက်တာလို့သိရပါတယ်။
အခြေခံအဆင့် ခွဲစိတ်ထားတဲ့ သစ်ခွဲသားတွေကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished)နဲ့ ကုန်ချော (Finished) တွေကိုပဲ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားပါ့မယ်လို့ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောဆိုပါတယ်။
တင်ပို့ခွင့်ပြုမယ့် သစ်အခြေခံ ထုတ်ကုန်တွေရဲ့ အမျိုးအမည် နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို သတ်မှတ်ထုတ်ပြန်ပေးဖို့ ရှိနေတယ်လို့ လည်းသိရပါတယ်။