နိုင်ငံရေးပါတီ များ၏ ပါတီရန်ပုံငွေ စစ်ဆေးမှု သြဂုတ်၂၃ရက်တွင် စတင်မည်

0
173

နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် သြဂုတ်၂၃ရက် က စပြီး စစ်ဆေးမယ်လို့ သိရပါတယ်။

နေပြည်တော်က UEC ရုံးကို သွားရောက်အစစ်ဆေးခံရမှာဖြစ်တယ်လို့ သိရပြီး နိုင်ငံရေးပါတီ ၂ခုနဲ့ စတင်မယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၃ရက်မှာ စတင် အစစ်ဆေးခံရမယ့် ပါတီ ၂ခုကတော့ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးစိုးမောင် ဦးဆောင်တဲ့ ပါတီနဲ့ ဦးစိန်ဝင်းခေါင်းဆောင်တဲ့ပါတီဖြစ်ပြီး ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက နေပြည်တော် ကို စာရင်းတွေသွားပေးရမယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၂ ရက်စွဲနဲ့ UEC က နိုင်ငံရေးပါတီတွေဆီ အကြောင်းကြားစာ ပေးပို့လိုက်တာမှာ ပါတီပိုင် စီးပွါးရေး လုပ်ငန်းတွေကနေ တရားဝင်ရရှိတဲ့ငွေနဲ့ အမြတ်အစွန်း ရရှိမှုမှတ်တမ်းတွေ ကိစ္စ၊ ပါတီဝင်ကြေးနဲ့ ပါတီလစဉ်ကြေးစာရင်း၊ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းကဖြစ်စေ၊ အဖွဲအစည်း အလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင်ကုမ္ပဏီ သိုမဟုတ် ကုမ္ပဏီ အစုအဖွဲ့ကဖြစ်စေ တရားဝင် ရရှိထားတဲ့ ငွေကြေးပစ္စည်းတွေထဲက ပါတီသို့ လှူဒါန်းထည့်ဝင်တဲ့ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေစစ်မယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပါတီပိုင်ရန်ပုံငွေ၊ ပါတီရဲ့ရငွေ သုံးငွေစာရင်း၊ ပါတီပိုင်စာရင်း၊ ပါတီကဝယ်ယူ ရရှိထားတဲ့ပစ္စည်းစာရင်း၊ ပါတီစည်းရုံးရေးအတွက် ပါတီစည်းမျဉ်း နဲ့အညီ ကျခံ သုံးစွဲတဲ့အသုံးစရိတ်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ပါတီရန်ပုံငွေကနေ ကျခံ သုံးစွဲတဲ့ရွေးကောက်ပွဲ အသုံးစရိတ်စာရင်းစတာတွေလည်း စစ်မယ်လို့ လည်း UEC က နိုင်ငံရေးပါတီအားလုံးထံပေးပို့တဲ့ အကြောင်းကြား စာ မှာဖော်ပြထားပါတယ်။

USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က UECက ပါတီကို ဘယ်နေ့စစ်မယ်လို့ အကြောင်းမကြား လာသေးဘူး လို့ပြော ပါတယ်။

နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၅၊ ၁၆ နဲ့ နည်းဥပဒေ ၁၉၊ ၂၁ တိုအရပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနဲ့စပ်လျဉ်းပြီး စနစ်တကျပြုစု၍ စာရင်းစာအုပ်များ၊ မှတ်တမ်းစာအုပ်များ၊ အထောက် အထားများ ထားရှိဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်း UEC ကပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here