အာဆီယံက မြန်မာကို အမေရိကန် ဒေါ်လာ ၈သန်းကူမည်

0
75

အာဆီယံက မြန်မာကို အမေရိကန်ဒေါ်လာ ၈သန်းကူညီမယ်လို့ ဂတိပြုပြောဆိုလိုက်ပါတယ်။

ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလို့လည်း အာဆီယံက ဆိုထားပါတယ်။

အာဆီယံရဲ့ အခု ကူညီထောက်ပံ့မှုဟာ မြန်မာ့ကိုဗစ်အရေး အတွက် အဓိကဖြစ်တယ်လို့လည်း သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ အပါအဝင်ထိုင်းနိုင်ငံတို့နဲ့ ဩစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ နယူးဇီလန်နိုင်ငံတို့က မြန်မာကို ငွေကြေးအထောက်အပံ့ အနေနဲ့ အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀,၀၀၀တို့ကို လှူဒါန်းကြမယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်ကျင်းပတဲ့ အာဆီယံ ကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမယ့် ကိစ္စ နဲ့ ပတ်သက်တဲ့ Pledging Conferenceမှာ ဂတိပြုပြောကြားထားတယ်လို့ လည်း သိရပါတယ်။

ငွေကြေးနဲ့ ပစ္စည်းအထောက်အပံ့တွေ အားလုံးကို အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ညှိနှိင်းမှု ဗဟိုဌာန ကနေ တဆင့် မြန်မာကို လှူဒါန်းပေးအပ်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here