တရုတ်တပ်မတော်က မြန်မာတပ်မတော်ကို ကိုဗစ်ကာကွယ်ဆေး များပေးအပ်

0
285

ရန်ကုန် ၊သြဂုတ်၂၃

တရုတ်တပ်မတော်က မြန်မာတပ်မတော် ကို ကိုဗစ်ကာကွယ်ဆေး ၄သိန်း ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ပေးအပ်လိုက်တဲ့ ပစ္စည်းတွေကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine(Vero Cell) ၄၀၀၀၀၀ လုံး၊ ဆေးထိုးအပ် ၄၀၃၂၀၀ ခုဖြစ်ပြီး ယမန်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတာကို ဒဂုံမြိုနယ် နယ်မြေခံ တပ်မတော်ဆေးရုံက ဗိုလ်မှူးကြီး ဇော်မျိုးဟန် နဲ့ ကျန်းမာရေး ဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

ပေကျင်းမြို့ရှိမြန်မာသံရုံး၊ စစ်သံရုံးတို့ကလည်း ကိုဗစ်ကာကွယ် ကုသရေး ဆိုင်ရာ ပစ္စည်းတွေကို တစ်ပါတည်း ထည့်ဝင်ပေးအပ် ခဲ့သေးကြောင်းနဲ့ ပေကျင်းမြို့ရှိ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ) ရုံးက ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေဖြစ်တဲ့ Oxygen Concentrator ၁၆ လုံး၊ PPE ဝတ်စုံ ၂၄၀ စုံ၊ Mask ၁၀၃၅၀၀ ခု၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးက Carrimycin ဆေးပြား ၇၂၀၀၀ ပြား၊ Mask ၁၀၀၀၀၀ ခု တို့ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here