ကိုဗစ် ကာကွယ်ဆေး ထိုးနှံလိုသူများ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်အသင်းထံ မနက်ဖြန်နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

0
281

ရန်ကုန်၊ ဩဂုတ် ၂၃

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသည် ဒုတိယအဆင့်အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm Vaccine အား ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူ ထိုးနှံနိုင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးအား တစ်သီးပုဂ္ဂလအသင်းဝင် ဆိုပါက အသင်းဝင် ထားသူမှဝယ်ယူထိုးနှံနိုင်မည်ဖြစ်ပြီး ကုမ္ပဏီအသင်းဝင်ဆိုပါက ဩဂုတ်လ ၂၁ ရက်နေ့အထိ DICA မှတ်တမ်းတွင်ပါရှိသော BOD၊ Share Holder များအတွက် ကုမ္ပဏီများ အနေဖြင့် ဝယ်ယူ ထိုးနှံနိုင်မည်ဟုသိရသည်။

ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံရန် လူတစ်ဦးလျှင် ကျသင့်ငွေ ဆေးနှစ်လုံးတန်ဖိုး မြန်မာငွေ ၄၀,၀၀၀ကျပ်နှင့် ထိုးနှံခ ၁၀,၀၀၀ကျပ် စုစုပေါင်း (၅၀,၀၀၀)ကျပ် ကျသင့်မည်ဖြစ်ပြီး သုဝဏ္ဏဘူမိ Event Park တွင်လာရောက် ထိုးနှံရမည်ဖြစ်သည်။ ဆေးထိုးနှံပြီးပါကလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးထိုးနှံပြီးကြောင်း Certificate ရရှိမည်ဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံလို သူများအနေဖြင့် အချက်အလက်များ မှန်ကန်စွာဖြည့်စွက်၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းရုံးemail – [email protected] သို ဩဂုတ်လ ၂၄ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေး သွင်းနိုင်သည်ဖြစ်သည်။

MCCPMD ၏ အသင်းဝင် ကုမ္ပဏီမှဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံရန် အတွက်လည်း အသင်းမှ ညှိနှိင်းလျက်ရှိပြီး ကာကွယ်ရေး ရရှိပါက အကြောင်းကြားပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းရှင်များ အသင်းသည် ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းလာသော ကိုဗစ် ကာကွယ်ဆေးအား ပထမအဆင့် အနေဖြင့် မိမိကိုယ်ပိုင် စရိတ်ဖြင့် ထိုးနှံနိုင်ရေး အတွက်ဆောင်ရွက်ပေးပြီးခြင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here