မိုင်းဖြတ်မြို့မှ မြို့မဈေးယာယီပိတ်

0
521

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့မှာရှိတဲ့ မြိုမဈေးအတွင်းက ဆိုင်ခန်းတွေကို ဩဂုတ်လ ၂၃ ရက် နေ့ကစပြီး ဩဂုတ်လ ၂၉ရက်နေ့ အထိ ယာယီပိတ်ထားမယ်လို့ မိုင်းဖြတ်မြို့နယ် စည်ပင်သာ ယာရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

စည်းကမ်းလိုက်နာမှု မရှိတဲ့ ဈေးဆိုင်ခန်းတွေကိုလည်း တရားဥပဒေအရ အရေးယူသွားမယ်လို့ ကြေငြာချက်အရ သိရပါတယ်။

ဩဂုတ်လအတွင်း မိုင်းဖြတ်မြို့မှာ ကိုဗစ်ကူးစက်ခံရသူအရေအတွက် ၃၈ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ရှမ်းပြည်နယ်မှာ ခုလက်ရှိ stay at home သတ်မှတ်ထားတဲ့မြို့နယ် ၉ မြို့ရှိပြီး အဲ့ဒီထဲမှာတော့ မိုင်းဖြတ်မြို့မပါဝင်ပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here