မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက် ပစ်ခတ်မှု လူငယ်၂ဦးဖမ်းဆီးခံရ

0
151
ရန်ကုန်၊ ဩဂုတ် ၂၃
ယနေ့ မနက် ၉ နာရီခွဲအချိန်က ရန်ကုန်မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက် ပစ်ခတ်မှုတွင် လူငယ်၂ဦးဖမ်းဆီးခံလိုက်ရသည်။
မနက် ၉ နာရီကျော်က ရဲနှင့်စစ်သားတို့သည် မရမ်းကုန်းမြို့နယ်(၁)ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုထဲ ဝင်ရောက် ရှာဖွေရာမှတဆင့် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိခဲ့ပေ။
ရဲက ဖောက်ခွဲရေးပစ္စည်းများရောက်ရှိကြောင်းသတင်းအရ ဝင်ရှာသည်ဟုဆိုထားကာ ပစ်ခတ်မှုမှာ ထွက်ပြေးသွား၍ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဖမ်းဆီးခံရသူမှာ အသက်၃၂နှစ်အရွယ်ရှိ မြောက်ဥက္ကလာပမြို့နယ်နေသူနှင့် အသက်၂၅နှစ်အရွယ် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူ တို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here