တိုင်ဝမ်နိုင်ငံမှ ပထမဆုံးထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးကို သမ္မတ ထိုးနှံမှုခံယူ

0
87
တိုင်ပေ၊ သြဂုတ် ၂၃
တိုင်ဝမ်နိုင်ငံသမ္မတ Tsai Ing-wen သည် နိုင်ငံမှ ပထမဆုံးထုတ်လုပ်သော Medigen ကိုဗစ်ရောဂါကာကွယ်ဆေးကို ယနေ့တွင် ထိုးနှံမှုခံယူကြောင်းသိရသည်။
သူမသည် ပြည်တွင်းဖြစ်ကာကွယ်ဆေးကို ပထမဆုံးထိုးနှံမှုခံယူသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
ယင်းကာကွယ်ဆေးကို Medigen Vaccine Biologic Corp က ထုတ်လုပ်ခြင်းဖြစ်ပြီး၊ နောက်ဆုံးအဆင့် စမ်းသပ်မှု မပြီးမြောက်သေးသော်လည်း အရေးပေါ်ထိုးနှံရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရန်အတွက် တိုင်ဝမ်ပြည်သူ ၇သိန်းကျော်တို့က စာရင်းပေးထားပြီးဖြစ်ကြောင်းသိရသည်။
Ref: Medigen: Taiwan rolls out local COVID vaccine, president gets jab


LEAVE A REPLY

Please enter your comment!
Please enter your name here