ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ ကိုဗစ်လူနာများ စတင် လက်ခံကုသပေး

0
113

မြစ်ကြီးနားမှာ ရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ ကိုဗစ် ၁၉ အတည်ပြု လူနာတွေကို စတင် လက်ခံကုသပေးနေပြီလို့ သိရပါတယ်။

လူနာ အရေအတွက် ၈၅ဦး လက်ခံကုသပေးမယ်လို့လည်း သိရပါတယ် ။ရောဂါ မပြင်းထန်တဲ့လူနာ ၄၅ဦး နဲ့ ရောဂါပြင်းထန်တဲ့လူနာ ၄၀ဦး ကို လက်ခံပေးမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ၃၇ဦးတို့က ကျန်းမာရေးစောင့်ရှောက်မှု များပေးမှာဖြစ်ပါတယ်။

KBC အနေနဲ့ ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးပေးမှာ မဟုတ်ကြောင်းကိုလည်း ပြောဆိုထားပြီးရောဂါပြင်းထန်တဲ့ လူနာတွေအတွက် ICU ရှိတဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံ ကိုသာ သွားရောက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

လူနာတွေအနေနဲ့ ကုသမှုစင်တာမှာ တက်ရောက် ကုသလိုပါက Hot line ဖုန်းနံပါတ်- ၀၉ ၂၅၆၃၈၃၂၆၂ နဲ့ ၀၉ ၂၅၆၀၀၃၈၄၈ တို့ကို ကြိုတင်ဆက်ကာ စာရင်းပေးသွင်းရမှာဖြစ်ပြီး ကြိုတင်အကြောင်းကြားမှု မရှိဘဲ တိုက်ရိုက်လာခြင်းများ မပြုလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here