“မြန်မာ့နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ၏ ဇနီး ဒေါ်နုနုဆွေ၊ အသက်(၁၀၀) ကွယ်လွန်”

0
349

 

ဖဆပလခေတ် နိုင်ငံရေးသမား၊ ကျားဗဆွေဟု ထင်ရှားသည့် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ ဇနီး ဒေါ်နုနုဆွေသည် တရားသတိဖြင့် အသက် ၁၀၀ ဖြတ်သန်းနိုင်ခဲ့ပြီး ဩဂုတ် ၂၄ နံနက် ၂:၃၀ တွင် ကန်သာယာ ဆေးရုံ ၌ နှလုံးရောဂါ ဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုခေတ်အခါက မျိုးချစ် နိုင်ငံရေးသမား နှင့် အင်္ဂလိပ်ကျောင်းသူ တို၏ ဇာတ်လမ်းတွင် ဒေါ်နုနုဆွေအား ကက်သရင်းဂွတ်ထော် ဟုကျီစားရေးသားခဲ့ကြသည်။ မင်္ဂလာဆောင်သည့်ရက်မှာ ၁၉၄၄ ၊နိုဝင်ဘာ၊ ၂၈ရက် နေ့ကဖြစ်သည်။

 

မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေအား ထားဝယ်မြို့မှ မိုင်ငါးဆယ်ခန့်ဝေးသည့် အုန်းပင်ကွင်းကျေးရွာတွင် အဖ ဦးထွန်းလှိုင်၊ အမိ ဒေါ်ပဲလေးတို့မှ ၁၉၁၅ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၆ရက် အသက် ၇၃နှစ် အရွယ်တွင် ရန်ကုန်မြို့ ဟုမ်းလမ်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။

 

ဦးဗဆွေ ကွယ်လွန်ချိန်တွင် သားသမီး ၉ ယောက်ဖြင့် ဒေါ်နုနုဆွေ ကျန်ရစ်သည်။ သားသမီးများမှာလည်း နိုင်ငံ့ အရေးအခင်း များတွင်ပါဝင်ခဲ့ဖူးသဖြင့် ထောင်ကျခဲ့ကြဖူးသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသောနိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ၁၀၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူ၏ ပုံတူကြေးသွန်းရုပ်တုဖွင့်ပွဲကို ၂၀၁၈ ဧပြီ ၁၉ ရက်နေ့က ထားဝယ်မြို့၊ အုန်းပင်ကွင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့‌သေးသည်။

 

သင်္ကန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်ရှိ ဆုတောင်းပြည့် ရန်မျိုးအောင်စေတီ ၏ ဗုဒ္ဓပူဇနိယပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တိုကို နှစ်စဉ်မပျက် ကမကထ စီစဉ်လှူဒါန်းလေ့ရှိသည်။

ဖဆပလ ခေတ်က နိုင်ငံရေးသမားများ နှင့် သံယောဇဉ်အလွန်ကြီးကြ၍ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ ခု ဇန္နဝါရီ လတွင် ဒေါ်နုနုဆွေ အိမ် သို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here