လှော်ကားဥယျာဉ်တွင် လူဦးရေ အကန့်အသတ်ဖြင့် မျောက်များကို အစာကျွေးနိုင်

0
302

မဂ်လာဒုံမြို့နယ်မှာ ရှိတဲ့လှော်ကားဘေးမဲ့ဥယျာဉ် ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့မှ စတင်ပြီး လက်ရှိဖြစ်ပွါးနေတဲ့ ကူးစက်မြန် ကိုဗစ်ရောဂါကြောင့် ခေတ္တယာယီ ပိတ်ထားခဲ့ရပါတယ်။

သို့သော်လည်း လှော်ကားဘေးမဲ့ဥယျာဉ်မှာ ရှိတဲ့မျောက်များကို အစာကျွေးလိုသူတွေ အနေနဲ့ မိမိတို့ရဲ့အစီအစဉ်ဖြင့် လာရောက် အစာကျွေးနိုင်တယ်လို့ သိရပြီး အစာများကိုတော့ သတ်မှတ်ထားတဲ့နှုန်းထား ပမာဏအတိုင်း ဝယ်ယူ လာရမှာဖြစ်ပါတယ်။

အစာလာကျွေးသူ ဧည့်သည်တွေအနေနဲ့ ကိုဗစ်ရောဂါကို ကာကွယ်နိုင်ရန် လူဦးရေ အကန့်အသတ်ဖြင့် လာရောက်ရမှာဖြစ်ပြီး စည်းကမ်း အချို့လဲသတ်မှတ်ထားတာတွေ့ရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here