ပြည်တွင်းနေရာ အချို့ ၃ရက်ဆက် မြေငလျင်လှုပ်ခတ်

0
148

သြဂုတ်လ ၂၂ရက်နေ့က စတင်ပြီးယနေ့အထိ ပြည်တွင်းနေရာအချို့မှာ နေ့စဉ်ဆိုသလို မြေငလျင် လှုပ်ရှားမှုတွေ ရှိနေပါတယ်။

ယနေ့သြဂုတ်လ ၂၄ရက်နေ့ မနက် ၈နာရီဝန်းကျင်က မိုးညှင်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၉မိုင်ခန့်အကွာမှာ အင်အား ရစ်(ချ်)တာစကေး ၅.ဝအဆင့်ရှိတဲ့ အင်အား အသင့်အတင့်ရှိမြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။

ယမန့်နေ့သြဂုတ်လ ၂၃ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်မှာ ဆိုရင်လည်း အင်းအားရစ်(ချ်)တာစကေး ၄.ဝအဆင့်ရှိမြေငလျစ် တစ်ခုဟာ ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၁၀မိုင်ခန့်အကွာ မှာ လှုပ်ရှားခဲ့ပြီး သြဂုတ်လ ၂၂ရက်နေ့မှာတော့ ကနီမြိုရဲ့ အနောက်တောင်ဘက် ၁၇မိုင်ခန့် အကွာမှာ ရစ်(ခ်)တာစကေး ၄.၅ အဆင်ရှိတဲ့ မြေငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ပါသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here