မြန်မာနိုင်ငံနှင့် စစ်ရေးစစ်ဖက် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုးလုပ် သွားမည်ဟုရုရှား အစိုးရပြောကြား

0
376

ရန်ကုန်၊ ဩဂုတ် ၂၄

ရုရှားဒုတိယ ကာကွယ်ရေး ဝန်ကြီး အလက်ဇန်းဒါး ဖိုမင်သည် မြန်မာနိုင်ငံနှင့် စစ်ရေး၊ စစ်ဖက်နည်းပညာရေး ပူးပေါင်းဆောင်ရွက် မှုများ အား ရုရှားအစိုးရက တိုးလုပ်သွားမည်ဟု တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မော်စကိုမြို့မှာ ဩဂုတ်လ ၂၃ရက်နေ့ တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် International Military နှင့် International Army Games 2021 ဖွင့်ပွဲသို့ ရောက်ရှိခဲ့ပြီး ရုရှားဖက်ဒေးရှင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဖိုမင်နှင့် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မြန်မာ့တပ်မတော်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ပြီး အဆင့်မြင့်မား လာရာ ကူညီထောက်ပံ့မှုများ ပေးနေသော ရုရှားအား ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြားဆက်ဆံရေး တိုးတက်ကောင်းမွန်သည့် အခြေအနေများ၊ စစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးတက် ကောင်းမွန်ရေး အတွက် စီစဉ်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြီး ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ တက်ရောက် သင်ကြားခွင့် ရရှိသည့် အတွက် လည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဖိုမင်က ရုရှား အနေဖြင့် မြန်မာနှင့် စစ်ရေး၊ စစ်ဖက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံဖြိုး တိုးတက်ရေးအတွက် အသင့်ရှိနေကြောင်းနှင့် မြန်မာသည် အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့တောင် အာရှဒေသတွင် ရုရှား၏ ယုံကြည် စိတ်ချရသော မဟာဗျူဟာ မိတ်ဖက် (Strategic Reliable Partner) ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Source: https://eng.mil.ru/en/news_page/country/more.htm?id=12379000@egNews


LEAVE A REPLY

Please enter your comment!
Please enter your name here