ကိုဗစ်-၁၉ရောဂါ မှကာကွယ်ရန် ကိုယ်ဝန်ဆောင် မိခင်များ ကာကွယ်ဆေး ထိုးနိုင်ကြောင်း ရောဂါ ကာကွယ်ထိန်းချုပ်ရေး(CDC) မှအကြံပြုထား

0
161

ရန်ကုန်၊ ဩဂုတ် ၂၄

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် ကိုယ်ဝန် ရှိနေသူများ သိုမဟုတ် မကြာခင်မှာ ကိုယ်ဝန်ရရန် ကြိုးစားနေသူ များအဖို့ ကာကွယ်ဆေးထိုးရန် ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Centers for Disease Control – CDC) မှ အကြံပြုထားကြောင်းတွေ့ရှိရသည်။

ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်များ အတွက် လုံခြုံစိတ်ချ ထိရောက်မှု ရှိပြီး အမျိုးသားများနှင့် အမျိုးသမီးများတွင် ကလေး ရရှိရေးနှင့် ပတ်သက်၍ ပြဿနာများကို မဖြစ်စေပါ။ ထို့နောက် ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များ ထိုးရန် တိုက် တွန်း ထားသည် ကိုလည်းတွေ့ရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ထိုးနှံပေးသော ကာကွယ်ဆေးများ၏ ဦးစားပေးအုပ်စုတွင် ပါဝင်သော သူများမှ ကိုယ်ဝန်ရှိသူများ နိုတိုက်ကျွေးနေ သူများ ထိုးနှံလိုပါက ထိုးနှံနိုင်၍ အန္တရာယ် မရှိဟု WHO ၏ လမ်းညွှန်ချက် guideline တွင်လည်း အတိအလင်း ဖော်ပြထားသကဲ့သို့ CDC ကလည်း တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here