ကိုဗစ်ကာလထဲ နေပြည်တော်တွင် KTV ဆိုင်ဖွင့်လှစ်သီဆိုမှုဖြင့် တစ်ရက်ထဲ လူ၅၀ကျော် ဖမ်းဆီးအရေးယူခံရ

0
223

ကိုဗစ်ကူးစက်မှု များပြားနေတဲ့ အတွက် Stay at Home သတ်မှတ်ထားရတဲ့ နေပြည်တော် ပျဉ်းမနားမှာ KTVဆိုင် ဖွင့်လှစ်သီဆိုမှုနဲ့ တစ်ရက်ထဲ လူ၅၀ကျော် ဖမ်းဆီးအရေးယူ ခံလိုက်ရပါတယ်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူ ခံရတာဖြစ်ပြီး သြဂုတ်၂၁ရက်က ဧည့်စာရင်း လိုက်စစ်တာကနေ ဖမ်းခံ လိုက်ရတာလို့သိရပါတယ်။

အရေးယူ ခံလိုက်ရတဲ့ လူ၅၀ကျော်ဟာ တစ်ဆိုင်ထဲက ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ ၂၁ ရက် ည ၁၀ နာရီက ပျဉ်းမနားမြို့က ရပ်ကွက်တစ်ခု အတွင်းကို ရွာကောက်နယ် မြေရဲစခန်းမှ တပ်ဖွဲဝင်များနှင့် ပူးပေါင်းအဖွဲတိုက ဧည့်စာရင်း စစ်ဆေးခဲ့ရာ KTV ဆိုင်တစ်ဆိုင်ဟာ Stay at Home သတ်မှတ်ထားမှုကို လိုက်နာမှု မရှိဘဲ ဖွင့်လှစ်တဲ့အတွက် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ၊ မန်နေဂျာဖြစ်သူ အပါအဝင် အမျိုးသား/ အမျိုး သမီး ၅၇ ဦးတို့ကို ရွာကောက် နယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here