အမေရိကန်တပ်များ အာဖဂန်မှရုတ်သိမ်းမှု နှောင့်နှေးလာလျှင် ဖြစ်လာမည့်အကျိုးဆက်နှင့်ပတ်သက်၍ တာလီဘန်သတိပေး

0
135
ကဘူးလ်၊ သြဂုတ် ၂၄
အမေရိကန်တပ်များ အာဖဂန်မှ ရုပ်သိမ်းနေခြင်းအတွက် ထပ်မံ၍အချိန်တိုးပေးရန်ကို မိမိတို့အနေဖြင့် သဘောမတူကြောင်း တာလီဘန် အုပ်ချုပ်ရေး အဖွဲ့ဝင် ဆူဟေးလ်ရှာဟီးန်က ယနေ့ပြောသည်။
အမေရိကန်တပ်ဖွဲ့များရုပ်သိမ်းခြင်းအတွက် တာလီဘန်တို့က သြဂုတ်လကုန် ၃၁ ရက်နေ့အထိရက်သတ်မှတ်ပေးထားရာ ယင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယနေ့ အင်္ဂါနေ့တွင် ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။
ယင်းသတ်မှတ်ရက်ထက်ပိုမိုအချိန်ဆွဲလျှင် နောက်ဆက်တွဲဖြစ်လာမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တာလီဘန်တို့က ယခုကဲ့သို့သတိပေး လိုက်ခြင်းဖြစ်သည်။
“အကယ်၍ အဲဒီသတ်မှတ်ရက်ထက် ပိုပြီးအချိန်ယူမယ်ဆိုရင် အဖြေကတော့ မရပါဘူးဆိုတာပါပဲ။ ဒါမှမဟုတ် နောက်ဆက်တွဲ ရလာဒ်တွေကောင်းမှာမဟုတ်ဘူး။ အဲဒီလိုလုပ်တာဟာ ကျုပ်တို့ နှစ်ဦးနှစ်ဖက်အကြား မယုံကြည်မှုတွေကို ဖန်တီးပေးလာလိမ့်မယ်။ သူတို့ဆက်ပြီးတပ်စွဲထားဖို့ရည်ရွယ်တယ်ဆိုရင်တော့ တုန့်ပြန်မှုတစ်ခုကိုကြုံရလိမ့်မယ်”ဟု ရှာဟီးန်ကပြောသည်။
“သူတို့(တာလီဘန်များ)ရဲ့ အမြင်ကိုလဲ ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့လဲ လူတွေကို အမြန်ဆုံးသယ်ထုတ်နေပါတယ်။ တစ်ယောက်မှ မကျန်စေချင်ပါဘူး။ ဒီလကုန်မှာ အကုန်လုံးကို သယ်ထုတ်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေကြပါတယ်။ အကယ်၍ လိုအပ်လာရင်တော့၊ အချိန်ထပ်လိုအပ်လာရင် အဲဒီအတွက် ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးက သူတို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထပ်ပြီးဆွေးနွေးရတော့မှာပါ။ ဒါကိုခုမလုပ်သေးပါဘူး။ လိုအပ်လာမှ သူလုပ်မှာပါ”ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးတာဝန်ခံ ဂျွန်ကာဘီကပြောသည်။
Ref: Afghanistan: Taliban warns there will be ‘consequences’ if Biden delays withdrawal of US troops
Photo: AP


LEAVE A REPLY

Please enter your comment!
Please enter your name here