စစ်မှန်သည့်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများ အားဖြေရှင်းသွားရန် မျှော်လင့်နေပြီး စစ်ပွဲများကိုရှောင်ရှားမည်ဟု KIO ထုတ်ပြန်

0
186
လိုင်ဇာ၊ဩဂုတ်၂၄
စစ်ပွဲများအားရှောင်ရှားမည်ဟု KIOကထုတ်ပြန်ချက်ဖြင့် ယနေ့ပြောသည်။
စစ်မှန်သည့်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများ အားဖြေရှင်းသွားရန် မျှော်လင့်နေကြောင်းနှင့် ကိုဗစ်ကပ်ရောဂါ ဆိုးရွားမှုကြောင့် ပြည်သူ လူထု ခိုကိုးရာမဲ့နေမှုအား စိတ်မကောင်းကြောင်းလည်းထုတ်ပြန်ချက်ကဆိုသည်။
Kachin wave သတင်းဌာနက ကေအိုင်အေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူသည် ထုတ်ပြန်ချက်နှင့်စပ်လျဉ်းပြီး ယခုကဲ့သို့ဆိုကြောင်းဖော်ပြထားသည်။
“ထုတ်ပြန်ချက်ရဲ့ ရည်ရွက်ချက်ကတော့ ရေးထားတဲ့အတိုင်း စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာအားလုံးက ခက်ခဲသွားတယ်။ တစ်နေ့ပြီး တစ်နေ့ပိုပိုဆိုးလာတယ်။ Covid-19 ကလည်းနေရာတိုင်းမှာပျံ့နှံ့နေတယ်။ ဆေးကုသပေးမယ့်သူတွေလည်းမရှိဘူး။ ဘယ်သူမှတာဝန် မယူပေးတော့ ပြည်သူလူထု​တွေလည်း သနားစရာဒုက္ခရောက်သွားတယ်။ ခိုကိုးရာမဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကေအိုင်အို အနေနဲ့တော့ မငြိမ်းသေးတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ တိုင်ပင်စရာရှိတဲ့အဖွဲ့အစည်းအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်မှန်တဲ့ အဖြေရှာသွားဖို့ကကောင်းတယ်ပေါ့။ ကျွန်တော်တို့ရဲ့အမြင်သဘောထားကအဲဒါပဲ။
အခုက နိုင်ငံရေး အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံရေး ဆက်လုပ်လို့လည်း မရဘူး။ တော်လှန်ရေးအဖွဲ့​တွေလည်း အဲတိုင်းပဲ တိုက်ပွဲ တိုက်ဖို့ဆိုရင်လည်း ကိုဗစ်က ပိုပိုပြီးဆိုးလာတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ပြသနာကိုဖြေရှင်းဖို့အတွက်က စစ်မှန်တဲ့နည်းလမ်းကို ရှာပြီး တိုင်ပင် ဆွေးနွေး ရမယ့်အဖွဲ့ဆွေးနွေးသွားရင်တော့ အကျိုးရှိလိမ့်မယ်၊ စစ်ပွဲတွေကိုလည်း ရှောင်နိုင် သလောက်ရှောင်ပြီး လုပ်ဆောင်သွားရင်တော့ အကျိုးရှိတယ်ဆိုတဲ့ သဘောထား ဟုတ်တယ်။ ဆွေးနွေးမယ်ဆိုတဲ့အထဲမှာ စစ်ကောင်စီနဲ့ပဲ ဆွေးနွေးမယ်မဟုတ်ဘူး ဆွေးနွေးရမယ့် အဖွဲ့အစည်း အားလုံးနဲ့ဆွေးနွေးရမယ်”ဟု ပြောကြောင်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here