အမေရိကန်တပ်များ အာဖဂန်မှ ရုပ်သိမ်းရေး ရက်ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတ ဘိုင်ဒင်ပြောကြား

0
181
ဝါရှင်တန်၊ သြဂုတ် ၂၅
အမေရိကန်တပ်များ အာဖဂန်မှ ရုပ်သိမ်းရေးအတွက် ယခု သြဂုတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားခြင်းအား ပြောင်းလဲ မည် မဟုတ်ကြောင်းနှင့် မြန်မြန်ပြီးလေပိုကောင်းလေသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။
ထိုသို့ရုပ်သိမ်းရန်အတွက် သြဂုတ်လ ၃၁ ရက်ကိုနောက်ဆုံးထား၍ အရှိန်အဟုန်မြှင့်ကာ ကြိုးစားနေကြောင်း၊ ယင်းကိစ္စ မြန်မြန် ပြီးလေကောင်းဖြစ်ကြောင်း၊ သို့ရာတွင် ထိုသို့မြန်မြန်ဆန်ဆန်ပြီးစီးနိုင်ရန်မှာ တာလီဘန်တို့၏ ပူးပေါင်းဆောင်ရွက်မှုပေါ်တွင်လည်း အခြေခံသေးကြောင်း အစရှိသည်ဖြင့် ဘိုင်ဒင်ကပြောကြားလိုက်ခြင်းဖြစ်သည်။
အမေရိကန်တပ်များ အာဖဂန်မှရုပ်သိမ်းနေခြင်းအတွက် ထပ်မံ၍အချိန်တိုးပေးရန်ကို မိမိတို့အနေဖြင့် သဘောမတူကြောင်းကို တာလီဘန် အုပ်ချုပ်ရေးအဖွဲ့ဝင် ဆူဟေးလ်ရှာဟီးန်က ယမန်နေ့ကပြောခဲ့သည်။
ယင်းသတ်မှတ်ရက်ထက် ပိုမိုအချိန်ဆွဲလျှင် နောက်ဆက်တွဲဖြစ်လာမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တာလီဘန်တို့က ထိုသို့ သတိပေး လိုက်ခြင်းဖြစ်သည်။ “အကယ်၍ အဲဒီသတ်မှတ်ရက်ထက် ပိုပြီးအချိန်ယူမယ်ဆိုရင် အဖြေကတော့ မရပါဘူးဆိုတာပါပဲ။ ဒါမှမဟုတ် နောက်ဆက်တွဲ ရလာဒ်တွေကောင်းမှာမဟုတ်ဘူး။ အဲဒီလိုလုပ်တာဟာ ကျုပ်တို့ နှစ်ဦးနှစ်ဖက်အကြား မယုံကြည်မှုတွေကို ဖန်တီးပေးလာ လိမ့်မယ်။ သူတို့ဆက်ပြီးတပ်စွဲထားဖို့ရည်ရွယ်တယ်ဆိုရင်တော့ တုန့်ပြန်မှုတစ်ခုကိုကြုံရလိမ့်မယ်”ဟုလည်း ရှာဟီးန်ကပြောခဲ့သေးသည်။
“အကယ်၍ အဲဒီသတ်မှတ်ရက်ထက် ပိုပြီးအချိန်ယူမယ်ဆိုရင် အဖြေကတော့ မရပါဘူးဆိုတာပါပဲ။ ဒါမှမဟုတ် နောက်ဆက်တွဲ ရလာဒ်တွေကောင်းမှာမဟုတ်ဘူး။ အဲဒီလိုလုပ်တာဟာ ကျုပ်တို့ နှစ်ဦးနှစ်ဖက်အကြား မယုံကြည်မှုတွေကို ဖန်တီးပေးလာလိမ့်မယ်။ သူတို့ဆက်ပြီးတပ်စွဲထားဖို့ရည်ရွယ်တယ်ဆိုရင်တော့ တုန့်ပြန်မှုတစ်ခုကိုကြုံရလိမ့်မယ်”ဟုလည်း ရှာဟီးန်ကပြောခဲ့သေးသည်။
Ref: Biden keeps August 31 deadline to withdraw from Afghanistan: ‘The sooner we finish the better'(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here