တာလီဘန်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂအကြီးအကဲ သတိပေးပြောကြား

0
159
နယူးယောက်၊ သြဂုတ် ၂၅
တာလီဘန်တို့ အာဖဂန်နစ္စတန် ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ပြီး နှိပ်စက် သတ်ဖြတ်ဆောင်ရွက်နေကြ မှုများသည် အဆုံးစွန် ကိုရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်ဘက်ချီလက်(Michelle Bachelet)က သတိပေးပြောကြားလိုက်သည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ခိုင်လုံသော သတင်းပေးပို့ချက်များကိုရရှိထားကြောင်း သူမကပြောသည်။
အသေးစိပ်အချက်အလက်များကိုမူ မစ်ချယ်ကမပြောသော်လည်း တာလီဘန်တို့၏ ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်မည့် စနစ်တခုကို တည်ထောင်ရန် အင်္ဂါနေ့ကကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် သူမကတိုက်တွန်း ခဲ့သည်။
Ref: Taliban’s treatment of women a ‘red line’: UN rights chief


LEAVE A REPLY

Please enter your comment!
Please enter your name here