အမေရိကန်ဒေါ်လာ၅သန်းကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

0
61
ရန်ကုန် ၊သြဂုတ်၂၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေဈေးပြိုင်လေလံ နဲ့အမေရိကန်ဒေါ်လာ ၅သန်းကို ပျမ်းမျှ ငွေလဲလှယ်နှုန်း ၁,၆၆၃.၀ ကျပ်နဲ့ ဒီကနေ့ သြဂုတ်လ ၂၅ရက်မှာ ထုတ်ရောင်းခဲ့ပါတယ်။
သြဂုတ်လ ၂၃ရက်ကလည်း အမေရိကန်ဒေါ်လာ ၁၀သန်းကို ပျမ်းမျှ ငွေလဲလှယ်နှုန်း ၁,၆၆၀.၀ ကျပ်နဲ့ ထုတ်ရောင်းခဲ့တာရှိပါတယ်။
မြင့်တက်နေတဲ့ ဒေါ်လာဈေးကို ချချင်တဲ့အတွက် ဗဟိုဘဏ်ဘက်က ဆက်တိုက်ထုတ်ရောင်းနေတာမှာ သြဂုတ်လ တစ်လထဲမှာတင်ပဲ
အခုအကြိမ်နဲ့ ဆိုရင် ၇ကြိမ်ရှိသွားပြီး ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂၈သန်းအထိ ရှိသွားပြီဖြစ်ပါတယ်။
၇ကြိမ်စလုံး ပျမ်းမျှငွေလဲလှယ်နှုန်းက ငွေကျပ် ၁၆၄၆နဲ့၁၆၆၀ ပါတ်ချာလည်ပဲ ရှိနေပါတယ်။
ဒါဟာ ငွေကျပ် ၁၇၀၀၊၁၈၀၀အထိ ဈေးမြှင့်နေတဲ့ ဒေါ်လာဈေးကို ဗဟိုဘဏ်ဘက်က ဆွဲချနေတာလို စီးပွားရေးလုပ်ငန်းရှင် အချိုက သုံးသပ် ပါတယ်။
လက်ရှိပြင်ပပေါက်ဈေးကတော့ ဈေးအကျဘက်မှာရှိနေပြီး ၁၇၄၀ကျပ် ဝန်းကျင်ရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here