ပြည်တွင်းမှာ အောက်စီဂျင်လိုအပ်ချက် ထက် ကျော်လွန်စွာဖြည့်ဆည်းပေးနိုင်ပြီလို့ နစက ခေါင်း‌ဆောင်ဆို

0
181
နေပြည်တော် ဩဂုတ် ၂၅
ပြည်တွင်းက အောက်စီဂျင် လိုအပ်ချက်ပမာဏကို ကျော်လွန်စွာဖြည့်ဆည်း နိုင်ခဲ့ပြီလို့ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။
ကိုဗစ် (၁၉)တတိယလှိုင်း အတွင်းမှာ အောက်စီဂျင် ပမာဏ လိုအပ်ချက်ကြောင့် သေဆုံးနှုန်းမြှင့်တက်ခဲ့တာကြောင့် ပြည်ပက အောက်စီဂျင် တင်သွင်းခြင်းအပါအဝင် အောက်စီဂျင်စက်များကို ပြည်တွင်းမှာ တပ်ဆင် ခဲ့တာကြောင့် အခုချိန်မှာတော့ လိုအပ်ချက် ပမာဏထက်ကျော်လွန်စွာ ဖြည့်ဆည်းနိုင်ပြီလို့ ဆိုခဲ့တာပါ။
ယခင်လအတွင်းက တစ်ရက်အတွင်း အောက်စီဂျင် လိုအပ်ချက် ပမာဏ လီတာ သုံးသောင်းကျော်အထိရှိခဲ့‌ပြီး လက်ရှိမှာ တစ်ရက်ကို လီတာ လေးသောင်းအထိ အောက်စီဂျင် ဖြည့်ဆည်းပေးနိုင်တယ်လို့သိရပါတယ်။
ဆက်လက်ပြီးအောက်စီဂျင် စက်ရုံတွေကို တည်ဆောက်နေတာကြောင့် ကိုဗစ်(၁၉)အတွက်သာမက အခြား ရောဂါများအတွက်လည်း အောက်စီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here