“၂၀၂၁ အခြေခံ ရည်ညွှန်းစပါးဈေးကို ငွေကျပ်ငါးသိန်းခြောက်သောင်းဟု နစကဘက်က ထောက်ခံအဆိုပြုထား”

0
198

၂၀၂၁ အခြေခံ ရည်ညွှန်းစပါးဈးကို ယခင်နှစ်ကထက် ငွေကျပ်၄၀၀၀၀ ပိုတိုးသင့်တယ်လို နစကဘက်က ထောက်ခံ အဆိုပြုလိုက်ပါတယ်။

အခု၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုး ထုတ်လုပ်မယ့် မိုးစပါးနဲ့ နွေစပါးသီးနှံများ အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ဆွေးနွေးနေဆဲ အခြေအနေမှာ တင်ပြလာကြတာတွေထဲက စပါး တင်း၁၀၀ကို ငွေကျပ်ငါးသိန်းခြောက်သောင်း သတ်မှတ်သင့်တယ်လို့ အဆိုပြုချက်အပေါ် နစကဘက်က ထောက်ခံခဲ့တာပါ။

၂၀၁၃ ခုနှစ်ကနေ စတင်ပြဌာန်းခဲ့တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ နိုင်ငံတော် ဘက်က အခြေခံရည်ညွှန်း စပါးဈေးနှုန်းနဲ့ စပ်လျဉ်းပြီးနှစ်စဉ်အောက်တိုဘာလပိုင်းမှာ ထုတ်ပြန်ကြေညာရပါတယ်။

ပြင်ပဈေးနှုန်း တစ်ခုဟာ အခြေခံ ရည်ညွှန်းဈေးထက် မြင့်ခဲ့တယ် ဆိုရင် အဲ့ဒီမြင့်သွားတဲ့ ဈေးနဲ့ ဝယ်သူက တောင်သူ့ဆီက ဝယ်ရတာဖြစ်ပြီး ပြင်ပပေါက်ဈေးက ရည်ညွှန်းစပါးဈေးအောက်ကျနေမယ် ဆိုရင် ဈေးကျတဲ့ ဈေးနဲ့မဟုတ်ဘဲ သတ်မှတ်ရည်ညွှန်း စပါးဈေး အတိုင်း ဝယ်သူက တောင်သူ့ဆီက ဝယ်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က အခြေခံ ရည်ညွှန်းစပါးဈေး တင်း၁၀၀ကို ငွေကျပ်၅၂၀၀၀၀ သတ်မှတ်ခဲ့ပါတယ်။

အခုဈေးနှုန်းမြင့်ပြီး အဆိုပြုထောက်ခံထားတဲ့ ဈေးနှုန်း အပေါ် ကုန်ဈေးနှုန်း၊ ဝန်ထမ်းလစာ၊ ပုဂ္ဂလိကနေ့စား လုပ်ခနှုန်းထားတွေနဲ့ ချိန်ထိုး ကြည့်ဖို့ လိုအပ်တာမို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲဝင်တွေ ဘက်ပေါင်းစုံရှုဒေါင့်ပေါင်းစုံကနေ ဆုံးဖြတ်ဖို့လည်း ဈေးနှုန်းထောက်ခံ အဆိုပြုထားတဲ့ နစက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ် စီမံ ခန့်ခွဲရေးအဖွဲ ဥက္ကဋ္ဌ ဦးညွန့်အောင်က ပြောဆိုထားတာရှိပါတယ်။

၂၀၁၉ ခုနှစ်က အခြေခံရည်ညွှန်းစပါးဈေး တင်း၁၀၀ကို ငွေကျပ်၅၀၀၀၀၀ သတ်မှတ်မှုရှိခဲ့ပါတယ်။

စိုက်ပျိုး ထုတ်လုပ်တဲ့တောင်သူတွေ ဘက်ကတော့ မိမိစိုက်ပျိုးတဲ့ သီးနှံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးကောင်းရတာကို လိုချင်တယ်လို့ ဆိုကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here