၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ဒုသမ္မတနေရာအတွက် ဒူတာတေ ယှဉ်ပြိုင်မည်

0
117
မနီလာ၊ သြဂုတ် ၂၆
ဖိလစ်ပိုင်နိုင်ငံတွင် လာမည့် ၂၀၂၂ ခုနှစ် မေလ၌ ကျင်းပမည့် ရွေးကောက်ပဲဝယ် ဒုတိယ သမ္မတနေရာအတွက် မိမိပါဝင် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သမ္မတ ဒူတာတေက အတည်ပြုပြောကြားခဲ့သည်။
ထိုသို့ပါဝင်ယှဉ်ပြိုင်ရန် အတွက် ပါတီ၏ ထောက်ခံချက်ရရှိပြီး မကြာမီတွင် ဒူတာတေက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒူတာတေသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ၌ သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံ အခြေခံဥပဒေအရ သမ္မတသက်တမ်းမှာ ၆ နှစ်ဖြစ်သည်။
ဒုတိယသမ္မတမှာမူ ဖိလစ်ပိုင်အခြေခံဥပဒေအရ သမ္မတမှ သီးခြားရွေးချယ်ရခြင်းဖြစ်သည်။ အကယ်၍ သမ္မတကွယ်လွန်ခြင်း သို့မဟုတ် နာမကျန်းဖြစ်၍ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက ဒုတိယသမ္မတက သမ္မတအဖြစ် တာဝန်ယူရမည်ဖြစ်သည်။
Ref: Duterte confirms he’ll run for Philippines VP next year
Photo: AP

 


LEAVE A REPLY

Please enter your comment!
Please enter your name here