ယခုလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်း ရေကြီးရေလျှံမှု များကြောင့် ရေဘေးရှောင်နေရသည့် လူဦးရေ ၅၁၇ ဦး အတွက် ဆန်ရိက္ခာဖိုး များထောက်ပံ့ပေးထား

0
175

 

နေပြည်တော် ဩဂုတ် ၂၇

ယခုဩဂုတ်လအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များတွင် ရေကြီးရေလျှံမှု များကြောင့် လူဦးရေ ၅၁၇ ဦး မှာ ရေဘေးရှောင်ကြရပြီး အဆိုပါ ရေဘေးရှောင်နေရ သူများအတွက် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များတွင် ဩဂုတ်လ ၁၄ ရက်နေ့ မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများ ရက်စက်ဖြစ်ပေါ်ခဲ့၍ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ရာ မြစ်ကြီးနားမြို့နယ်တွင် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀၊ ဗန်းမော်မြို့နယ်တွင် အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၃၈၆ ဦးနှငိ့ ရွှေကူမြို့နယ်တွင် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၈၁ ဦး တို့မှာ ရေဘေးတွေ့ကြုံနေရပြီး ရေလွတ်ရာ ရေဘေးရှောင်နေရာများသို ပြောင်းရွှေ့နေထိုင်ကြရကြောင်း၊ အဆိုပါ ရေဘေးရှောင်နေရသူ အိမ်ထောင်စု၊ လူဦးရေများအတွက် ဆန်ရိက္ခာဖိုးငွေ များ ထောက် ပံ့ပေးထားကြောင်း သိရသည်။

” မြစ်ကြီးနားက ရေဘေးရှောင်နေရာ ၁ နေရာပါ။ ကျန်တဲ့ ဗန်းမော်တို ရွှေကူတိုက ရေဘေးရှောင်နေရာ သုံးနေရာစီ ဖွင့်ထားပါတယ်။ မြစ်ကြီးနားက အိမ်ထောင်စု နှစ်စုပဲ နေအိမ်ကိုပြန်နေတာ ရှိပါသေးတယ်။ ရေကတော့ ထပ်တက်လာတာမျိုး မရှိပါဘူး။ သူတိုတွေအတွက် ဆန်ရိက္ခာဖိုးငွေတွေထောက်ပံ့ပေးထားပါတယ်။” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အဆိုပါ ရေဘေးရှောင်လူဦးရေ ၅၀၀ ကျော်အတွက် လူမှုဝန်ထန်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ဆန်ရိက္ခာ တစ်ပတ်စာအတွက် ငွေကျပ် ၁၀ သိန်းကျော်ကို ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ ဖြစ်သည့် မိုးကုတ်မြို့နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှာများကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ လူသေဆုံးမှုများလည်း ရှိထားကြောင်း၊ ထိုသို့ သဘာဝ ဘေးကြုံတွေ့နေရသူများ အတွက် အစားအစာနှင့် နေထိုင်ရေးအတွက် အခက် အခဲများ လည်းဖြစ်ပေါ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here