ကာကွယ်ဆေးထိုးထားရင် ဗီဇပြောင်းမျိုးကွဲတွေကို ခံနိုင်ရည်ရှိလား

0
164

လက်ရှိမှာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပြီး WHOက အသိအမှတ်ပြုထားရတဲ့ ကာကွယ်ဆေးတွေ ဟာ Delta အပါအဝင် ဗီဇပြောင်းမျိုးကွဲတွေကို ၆၀% အထက် ကောင်းစွာကာကွယ်နိုင်တယ်လို့ WHO ကပြောပါတယ်။

ကာကွယ်ဆေးတွေဟာ လက္ခဏာပြတဲ့ ကိုဗစ် ၁၉ ဖြစ်ပွါးမှုကို ၇၀% ကနေ ၉၀%ကျော် ကာကွယ်နိုင်ပြီး ကိုဗစ်၁၉ပိုး ကူးစက်ခံရပြီး ဆေးရုံတက်ရာက်ရမှုနဲ့ သေဆုံးမှုတွေကို ၉၀%အထက် ကာကွယ်နိုင်တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ကာကွယ်ဆေးထိုးတာဟာ ရောဂါပြင်းထန်စွာ ခံစားရမှုနဲ့ သေဆုံးမှုတွေကို လျော့ကျအောင် လုပ်တာဖြစ်လို ကာကွယ်ဆေးထိုးထားသူဟာ ၁၀၀% ကာကွယ်မှုကို မရရှိနိုင်ပါဘူး။

ကာကွယ်ဆေးထိုးထားသူဟာ ရောဂါပြင်းထန် စွာခံစားရမှုနဲ့ ရောဂါလက္ခဏာဖြစ်ပေါ်မှုကို ကောင်းစွာ ကာကာကွယ်နိုင်ပေမယ့် သာမန် လက္ခဏာပြမှုကိုတော့ ခံစားရနိုင်ပါတယ်။

အသက်ကြီးသူတွေ၊ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါဝေဒနာ ခံစားရသူတွေကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ရက်အကြာမှာ တတိယအကြိမ် ထိုးနှံဖို့ ခွင့်ပြုလိုက်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ် တားဆီးရေးဗဟိုဌာန(CDC)က ထုတ်ပြန် ထားပါတယ်။

ဒါဟာ booster dose အနေနဲ့ထိုးတာမဟုတ်ပဲ ကိုယ်ခံအားနည်းနေတဲ့သူတွေနဲ့ ကိုယ်ခံအားအပြည့်အဝ မတတ်နိုင်တဲ့သူတွေကို ကာကွယ်မှု ပိုရစေချင်တဲ့အနေနဲ့ ထိုးတာဖြစ်တယ်လို့ CDC ကပြောထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here