ရန်ကုန် အင်းစိန်ထောင် အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူများအား ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

0
223

ရန်ကုန်အင်းစိန်ထောင် အတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးနေတယ် လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

သြဂုတ်လ ၂၆ရက်ကစပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ အချုပ်သားတွေကို ဒုတိယ အကြိမ် ထိုးနှံပေးခဲ့တာဖြစ်ပြီး ထိုးနှံပေးရမယ့် အရေအတွက်က ၇၀၀၀ကျော် ရှိတဲ့အတွက် အချိန် ၃ရက်၊ ၄ရက် ယူရမယ်လို့လည်း အကျဉ်းဦးစီးဌာနကဆိုထားပါတယ်။

အကျဉ်းထောင်တွေထဲ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့တာ ကို ဇူလိုင် ၂၈ကစပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံတဲ့ထဲ စီးပွားရေးအကြံပေးဆောင်ရွက်ခဲ့တဲ့ မစ္စတာရှောင်တာနယ်၊
NLD အစိုးရအဖွဲ့ရဲ့ ဝန်ကြီး၊ ဝန်ကြီးဟောင်း၊ ဒုဝန်ကြီးတွေပါတယ်လို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူက ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသွားတဲ့ အရေအတွက်က ၄၀၀၀၀ကျော် ရှိတယ်လို့ ပြောဆိုထားတာ ရှိပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း အကျဉ်းထောင်တွေထဲ ကိုဗစ်ကူးစက်ခံရသူ ၆၀၀ကျော် ရှိခဲ့ပြီး ကွယ်လွန်ခဲ့ရတဲ့သူ ၁၄ဦး ရှိခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here