သတ်မှတ်နယ်မြေ ကျော်လွန်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၄၉ ဦးကို တရုတ်က ပြန်လွှတ်

0
123

သတ်မှတ်နယ်မြေ ကျော်လွန်မှုနဲ့ တရုတ်နိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ ဘက်မှာ ကွာရန်တင်း ၁၄ရက်ဝင်ပြီး ကိုဗစ်ပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲရဲ့ ခွင့်ပြုချက်နဲ့ နေရပ်အသီးသီးကို ဩဂုတ် ၂၄ ရက်ကပြန်လည်စေလွှတ် လိုက်တယ်လို့ မြိုအုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်ကပြောပါတယ်။

အဆိုပါနေရပ်ပြန်သွားကြတဲ့ ၄၉ ဦးဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတိုမှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

တရုတ်နိုင်ငံဘက်က ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်ကနေ သူတိုတွေက ပြန်လည် လွှဲပြောင်းပေးခဲ့တာပါ။

လွှဲပြောင်းပေးမှုကို ဩဂုတ် ၁၀ ရက်က မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦးကို တစ်ကြိမ်၊ သြဂုတ်လ၁၁ ရက်က မြန်မာ နိုင်ငံသား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ခြောက်ဦး တစ်ကြိမ် စုစုပေါင်း ၂ကြိမ် ပြန်လွှခဲ့တာပါ။

ပြန်လွှဲလာတဲ့သူတွေကို ချင်းရွှေဟော်မြို့ ရပ်ကွက် ၃က အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre တွင် ၁၄ရက်ထားပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit နဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ ရောဂါ ပိုးမတွေ့ရှိတဲ့အတွက် နေရပ်အသီးသီးပြန်ကြရတာဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here