လွိုင်လင်မှာ ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

0
257

ငွေကျပ် ၁ ဒသမ၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှု တစ်ခု လွိုင်လင်-တောင်ကြီးကားလမ်း၊ ဟိုတင့်ကျေးရွာ အနီးမှာ ဖြစ်ပွါးခဲ့ပါတယ်။

ဩဂုတ်လ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ မူးယစ်ဆေးဝါးတွေကို ၁၂ ဘီးမော်တော်ယာဉ်ပေါ် တင်ကာ ပြောင်းဖူးအိတ်တွေနဲ့ ဖုံးအုပ် သယ်ဆောင်လာတာပါ။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေက ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈ဘီလီယံကျော် ရှိပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမျိုးအစားတွေက ဘိန်းဖြူ ၅၃ ဒသမ၉၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄,၀၀၀ တို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြတဲ့ ကျင်းထန်(ခ)ရှီကျင်းထန်၊ ရန်ကျုံးဝေ(ခ) အားဝေ တိုကို တောင်ကြီးမြို့နယ်၊ ၄ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဆက်လက် ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here