ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဝယ်ယူ တင်သွင်းရာမှာ အဘက်ဘက်မှ ပံ့ပိုး ကူညီပေးသော လုပ်ငန်းရှင် များအား မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်းမှ ကျေးဇူးတင် ရှိကြောင်းထုတ်ပြန်

0
102

 

ရန်ကုန်၊ ဩဂုတ် ၂၇

ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်(MCCOC) မှ ဦးဆောင်ပြီး Sinopharm Vaccine များ အလုံးရေ ၇၀၀,၀၀၀ ဝယ်ယူတင်သွင်းခဲ့ရာ ဩဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။

MCCOC မှ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေအတွက် မြန်မာနိုင်ငံဆေးလိပ် လုပ်ငန်းရှင်များအသင်းက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးပေး ထားပြီး အထွေထွေကိစ္စရပ် များနှင့်မူဝါဒပိုင်းဆိုင်ရာ များကိုတော့ Shwe Mi ကုမ္ပဏီမှ စေတနာနဲ့ ကူညီပေးထားပါတယ်။

ကာကွယ်ဆေးထိုး စင်တာမြေနေရာ အတွက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းအားမှ အခမဲ့ပံ့ပိုးကူညီထားပြီး AA Medical Product မှ ကာကွယ်ဆေးသိုလှောင်ဖို့ အတွက် ကူညီပေးခဲ့ပါတယ်။

ကာကွယ်ဆေးတင်သွင်းနိုင်ရန် ရုံးပိုင်းဆိုင်ရာလျှောက်ထားခြင်းတို့ကို ပဲနှမ်းကုန်သည်များ အသင်းကပံ့ပိုးကူညီပြီး ကာကွယ်ဆေးထိုးမယ့် စင်တာမှာ လျှပ်စစ်မီးတပ်ဆင်ခြင်းတို့ကို Khin Maung Nyunt Manufacturing ကုမ္ပဏီမှ အခမဲ့ပံ့ပိုးကူညီခဲ့ကာ စာရင်းကောက်ခံ စိစစ်ကိစ ္စရပ်တွေကိုတော့ Fu Xing Brothers Groups of Company Team မှ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ဆေး နဲ့ပတ်သတ်ပြီး အထွေထွေ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ချစ်မေတ္တာဖောင်ဒေးရှင်းမှ စေတနာဖြင့် ကူညီထားပါတယ်။

ကိုဗစ်ကာကွယ်ခြင်း ထိုးခြင်းကို ဩဂုတ်လ ၂၄ ရက်နေ့က စတင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ MCCOC မှ ဥက္ကဌ ဦးအိုင်ထွန်းမှ ကိုယ်ဗစ်၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးဗဟိုကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ်နိုင်ငံ အမျိုးသားဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများ အုပ်စု၊ တရုတ်အမျိုးသားလေကြောင်းလိုင်း၊ မြန်မာနိုင်ငံရှိ တရုတ် လူမျိုးအသင်းအဖွဲ့များ၊ စေတနာသဒ္ဒါတရားဖြင့် ငွေကြေးစိုက် ထုတ်ပေးသော ပုဂ္ဂိုလ် များ၊ မြေနေရာ၊ အအေးခန်း သိုလှောင်ရုံ အခမဲ့ပံ့ပိုးပေးသော စေတနာရှင်များ၊ သယ်ယူပိုဆောင်ရေးလုပ်ငန်းများ၊ ဆရာဝန်၊ သူနာပြုအဖွဲ့များနဲ့ စေတနာ့ဝန်ထမ်းများကို အဖွဲချုပ်ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာတရုတ်ကုန်သည် အသင်းချုပ်ဟာ ကိုယ် ပိုင်ကြီးကြပ်မှုနဲ့ Sinopharm ကာကွယ်ဆေးကို ဝယ်ယူထိုးနှံတဲ့ ကမ္ဘာ့ပထမဆုံး စီးပွါးရေးအသင်းအဖွဲ့ဖြစ်ကြောင်းနဲ့ ကာကွယ်ဆေးဝယ်ယူချိန် ကစပြီး ဆိုက်ရောက်ချိန်၊ ထိုးနှံချိန်အထိ ၂လ ကျော်ကာလ အတွင်း အသင်းချုပ်မှ အခက်အခဲ မျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း ရှုပ်ထွေးတဲ့တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တယ်လို့လည်း MCCOC ဥက္ကဌက ပြောကြားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here