“မျိုးစေ့ ထုတ်လုပ်ငန်း တွင် ပုဂ္ဂလိက နှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တိုးတက် ဝင်ရောက် လာနိုင်ရေး ဖြေလျှော့ပေးမှုများ ဆောင်ရွက်သွားမည်”

0
156
Photo from Internet
Photo from Internet

နေပြည်တော် ဩဂုတ် ၃၀

မြန်မာနိုင်ငံရှိ မျိုးစေ့ ထုတ်လုပ်ငန်း တွင် ပုဂ္ဂလိက နှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တိုးတက် ဝင်ရောက် လာနိုင်ကြစေရန် ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ ထိန်းချုပ် ကန့်သတ်မှုများကြောင့် သွင်းအားစုများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှု မရှိတော့သည့် ကိစ္စရပ်များ ပြုပြင်ပြောင်းလဲ ကျင့်သုံးနိုင်ရေး လိုအပ်နေမှု များကို ရှာဖွေဖော်ထုတ်ပြီး မျိုးစေ့ ထုတ်လုပ်ငန်း တွင် ပုဂ္ဂလိက နှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တိုးတက် ဝင်ရောက် လာနိုင်ကြစေရန် ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

” သီးနှံမျိုးသစ် အသိအမှတ်ပြု လက်မှတ် လျှောက်ထား ခြင်း နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ၊ နောက် လျောက်ထား တင်ပြလာတဲ့ သီးနှံ မျိုးသစ်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်း ဆုံးဖြတ်ပေးနေတာတွေ ရှိပါတယ်။ မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ အဆင့်ဆင့် စိစစ်ပြီး ကော်မတီကို တင်ပြလာတဲ့ သီးနှံမျိုးသစ်တွေ ကိုလည်း အသိအမှတ်ပြု လက်မှတ်တွေထုတ်ပေးနေပါတယ်” ဟု မျိုးစေ့ဆိုင်ရာ အမျိုး သားကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ ထိန်းချုပ် ကန့်သတ်မှုများကြောင့်၊ သယ်ယူ ပို့ဆောင် စရိတ် နှင့် ငွေလဲလှယ်နှုန်းများ မြင့်တက် လာပြီး နိုင်ငံတကာ နှင့် ပြည်တွင်း တို့၌ စိုက်ပျိုးရေး သွင်းအားစု ဈေးနှုန်းများ မြင့်တက်နေတက်နေမှုကို အကောင်းဆုံး ရင်ဆိုင် ကျော်လွှား နိုင်ရန် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ နှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ များမှ သွင်းအားစုများ တင်သွင်း ဖြန့်ဖြူးခြင်း၊ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိရေး နှင့် ဈေးကွက် အတွင်း သင့်တင့်သော ဈေးနှုန်းဖြင့် တောင်သူများ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here